Part 6

420 21 3
                                    

Unicode

ဒီနေ့ ဖန်းလုံ အိမ်ပြန်လာတော့ အိမ်မှာ ဟွားမန်ကလွဲလို့ ဘယ်သူမှမရှိ။ ရည်ရွယ်တာက လင်းအာကိုမတွေ့။ဟွားမန်ကိုမေးကြည့်တော့ စျေးဝယ်သွားသည်တဲ့။စျေးဝယ်သွားတာက ၆နာရီထိုးနေပြီလေ။ဘာတွေကိုသွားဝယ်တာလဲ။ သူစောင့်နေသည်မှာကြာနေပြီဖြစ်သည်။သူအိမ်ရှေ့မှာ ခေါက်တုန့် ခေါက်ပြန်လျှောက်နေသည်မှာ ဘယ်နှခေါက်မှန်းမသိ။ ဟွားမန်ကတော့ စိတ်မပူပါနဲ့ တဲ့။ စိတ်မပူရအောင်သူက အပြင်လူမဟုတ်။မတော်လို့တစ်ခုခုဖြစ်လျှင် သူ့ကိုသာအမှုပတ်မှာဖြစ်သည်။အမှုပတ်မှာတော့မလိုချင်ပါ။ဟုတ်သည်။ အမှုပတ်မှာစိုး၍သူစိတ်ပူခြင်း။တခြားအရာမပါ။ ထိုအချိန် ရှောင်ကျင်းဆီမှဖုန်းဝင်လာသည်။

" Hello ရှောင်ကျင်း "

" Hello ဖန်းလုံ "

" မင်းဘာလုပ်ဖို့ဖုန်းဆက်တာလဲ ငါ Club တော့မလာတော့ဘူးနော် အိမ်မှာ ဟွားမန်တစ်ယောက်ထဲရယ် "

သူပြောလိုက်တော့ ဟိုဘက်က ရယ်သံအကျယ်ကြီးထွက်လာသည်။

" ဘာရယ်တာလဲကွ "

" မင်းကလေ ကိုယ့်ယောကျ်ားပျောက်နေတာကျစိတ်မပူဘဲ အိမ်က မတော်ရသေးတဲ့ မယားငယ်ကိုစိတ်ပူနေသေးတယ် "

" ဘာ! "

" ဟားဟား မင်းကောင်မထိတော့နာတယ်လား "

" ရှောင်လင်းအာ ပျောက်နေတာ မင်းသိတယ်လား "

" ဟုတ်တယ် စျေးထဲမှာ မူးလဲနေလို့ ဆေးရုံတင်ထားရတယ် ပြီးတော့ သူ့ကိုမင်းဆီပြန်မပို့တော့ဘူး "

" ဘာကွ! ! "

" ဟုတ်တယ် လင်းအာကိုယ်တိုင်မင်းဆီပြန်မလာချင်တော့တာ မင်းကိုကွာရှင်းဖို့တောင် သူအဆင်သင့်ဖြစ်နေပြီ "

ရှောင်ကျင်းဟာ ရယ်သံစွပ်၍ပြောနေသော်လည်း တကယ်တော့သူဟာ မျက်ရည်တွေကို အပြုံးတွေ ရယ်သံတွေဖြင့် ဖုံးကွယ်ထားသည်ကိုတော့ ဖန်းလုံတစ်ယောက်မသိပါချေ။ ဟက် လင်ကြီးတစ်ယောက်လုံးပျောက်နေတာကိုကျ မသိဘဲ မတော်ရသေးတဲ့မယားငယ်ကိုစိတ်ပူနေသေးတယ်။ လင်းအာကသာစိတ်ရှိရင်လေ သူ့ကျန်သေးတဲ့သက်တမ်းတွေကို ပျော်ရွှင်အောင်ငါအစွမ်းကုန်ဖန်တီးပေးမှာ ဖန်းလုံ။ အချစ်ကို အသက်ရှိစဥ် တန်ဖိုးမထားရင်တော့ သူသေသွားခဲ့ရင် မင်းနောင်တတွေနဲ့ပဲ နေခဲ့ရမှာ။

ပူလောင်သောအချစ် ( on going) Where stories live. Discover now