Unicode
သူညနေ အိမ်ကိုစောစောပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ ခါတိုင်းလိုပင် ဟွားမန်ကလာကြိုသည်။ သို့သော်လည်း သူမြင်ချင်တဲ့ တစ်ယောက်တော့ မရှိပါချေ။ သူခါတိုင်းလိုပင် ဟန်မပျက် ပြုံးကာပင် အိမ်ထဲဝင်လာခဲ့သည်။
" ဟွားမန် ဒီနေ့ဘယ်သွားသေးလဲ "
" ဘယ်သွားရမှာလဲ ဘယ်မှမသွားပါဘူး ဟွားမန်က ကိုကို့အတွက် ဟင်းချက်သင်ရင်း ပထမဆုံး ကိုကို့ဖို့ ချက်ထားတာ "
" အော် ဟွားမန်က တော်တာပဲ "
" ခ်ခ် ကိုကို့ရဲ့ Baby လေးပဲလေ "
" ဟုတ်ပါပြီ ဗျာ ကိုကို ရေသွားချိုးလိုက်အုံးမယ် နော် ပြီးရင် ထမင်းတူတူစားကြမယ် "
" ဟုတ် ကိုကို "
ဖန်းလုံ ဟွားမန်ကိုပြောပြီး အိပ်ခန်းထဲသို့ပြန်လာခဲ့သည်။ ဘယ်မှမသွားပါဘူးတဲ့ ဟင်းချက်သင်နေတာပါတဲ့ ဟင်းချက်သင်တာ hotel အိပ်ခန်းထဲမှာလား။ သူတံခါးကိုမှီကာ ငိုချမိသည်။ ပထမဆုံး ချစ်ဖူးတဲ့ သူက သူ့ကိုလုပ်ရက်သည်။ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်ထံပြန်လာမည်တဲ့။ သူလင်းအာကို လုပ်မိလို့များ ပြန်ခံရတာလား။ ခုဆို သူ့အနားမှာ သူချစ်တဲ့ဟွားမန်ကလည်း ဖောက်ပြန်တယ် ယောကျ်ားကလည်း သူနဲ့ကွာရှင်းတော့မယ်။ သူ့အနားမှာ ဘယ်သူမှမရှိတော့ဘူး။ အားးးး သူရေပန်တွေအောက်မှာ ထိုင်ငိုမိသည်။ ရေတွေက မျက်ရည်တွေကို ဖုံးလိုဖုံးငြားပေါ့။ မောင် သိပါပြီ လင်းအာရယ် ဒီခံစားချက်ကိုမောင်သိပါပြီ။
သူရေမိုးချိုးပြီး ခုနကငိုထားတာ သူမဟူတ်သလို ဟန်မပျက် စားပွဲတွင်ထိုင်ကာ ဟွားမန်နဲ့တူတူ ထမင်းစားနေသည်။ ထမင်းစားခန်းထဲရောက်ရင် သူနဲ့ ဟွားမန်က အိမ်ကြီးအရှင်သခင် သခင်မလိုမျိုး တူတူထမင်းစားကြပြီး လင်းအာကတော့ အစေခံလို စားခဲ့ရတာကို သူမှတ်မိပါ၏။ လင်းအာကို ဟွားမန်အနိုင်ကျင့်ခဲ့တာကို နှလုံးရောဂါသည်လေးကို စိတ်ဒဏ်ရာတွေပေးပြီး အနိုင်ကျင့်ခဲ့တာကို မသိချင်ယောင်ဆောင်နေခဲ့တာကိုလည်း မှတ်မိပါ၏။ နောက်ဆုံးတော့ချစ်တဲ့လူကသူ့ကိုသစ္စာဖောက်သွားခဲ့သလိုသူ့ကိုချစ်ပေးတဲ့တစ်ဦးတည်းသောသူကလည်း သူ့ကိုထားသွားခဲ့သည်။ ကျလုဆဲဆဲ မျက်ရည်တွေကို မကျအောင် သူထိန်းထားရသည်။ ဘာဖြစ်လဲ လင်းအာက ငါနဲ့မှ မကွာရှင်းရသေးတာ ငါသူ့ကို ပြန်ချော့လို့ရပါတယ်။

ESTÁS LEYENDO
ပူလောင်သောအချစ် ( on going)
De Todostarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "