Unicode
( warning ပိစိ)
ဖန်းလုံ လင်းအာကို ပြောပြီး အခန်းထဲပြန်လာခဲ့သည်။ ခနနေတော့ ဖုန်းသံကြား၍ ကောက်ကိုင်လိုက်သည်။
" Hello ကျင်းဖန်လုံ ပြောနေပါတယ် "
" Hello ဖန်းလုံ တို့ ဟွားမန် ပါ "
" ဟုတ်ကဲ့ ဘာကိစ္စ ရှိလို့ပါလဲ ယန်းမမလေး "
" စိမ်းကားလိုက်တာ ဖန်းလုံ ရယ် ဟွားအာ လို့ခေါ်ရင်ရပါပြီ ပြီးတော့ တို့က ကိစ္စရှိမှ ခေါ်ရမှာလား လို့ "
" ဟုတ်ပါပြီဟုတ်ပါပြီ ဗျ "
" ဟင်းဟင်း တို့က ဖန်းလုံ ကို ညစာ လိုက်ကျွေးချင်လို့ပါ အဲ့တာ.. "
" ဟုတ်ပြီ ကျွန်တော် လာခဲ့ပါ့မယ် ခင်ဗျ လိပ်စာ ပို့ထားလိုက်ပါ "
" ဟုတ် ကဲ့ "
ဖန်းလုံ ရှောင်လင်းအာ ကို ထမင်းချက်ခိုင်းထားသော်လည်း ဟွားအာ လိုက်ကျွေးမည်ဆိုတော့ သွားရတာပေါ့ ။ မြန်မြန်ဆန်ဆန် အဝတ်အစားလဲပြီး အောက်ထက်ဆင်းလာလိုက်သည်။ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ ရှောင်လင်းအာက ထမင်းတွေ အဆင်သင့်ပြင်ထားသည်။ သူ့ကိုမြင်တော့ မျှော်လင့်ချက် တွေပြည့်နေတဲ့ အကြည့်တွေနဲ့ကြည့်နေသည်။ အစကမပြောဖို့လုပ်ထားပေမယ့်သူပြောလိုက်သည်။
သူနာကျင်ရင် ငါကျေနပ်တယ်။" ငါအပြင်မှာ သွားစားမှာ "
လင်းအာ မျက်လုံးတွေအရောက်မှိန်သွားသည်။ သူထပ်ပြောလိုက်သည်။
"တွဲဖက် ကုမ္ပဏီက သူဌေး ရဲ့.သ.မီး.နဲ့ "
" ဟုတ် ကဲ့ပါ "
သူ့မျက်လုံးထဲ မျက်ရည်တွေလက်နေသည်ကိုတွေ့လိုက်ရသည်။ သူ မဲ့ပြုံးပြုံးကာ ထွက်လာလိုက်သည်။
'အရမ်းကျေနပ်တယ် 'ဖန်းလုံ ဟွားမန် ပြောသော Hotel ကို ရောက်လာသည်။ ကောင်တာ မှာ ဟွားမန် နာမည်ပြောလိုက်တော့ ဝန်ထမ်း ကောင်လေး တစ်ယောက် က ဟွားမန် ရှိရာ VIP Room သို့ခေါ်လာသည်။ ဖန်းလုံ အခန်းထဲ ဝင်လိုက်တော့ ဟွားမန် က အပြုံးလေးဖြင့်ကြိုဆိုသည်။ ဟွားမန် က တကယ်လှသည်။ အနီရောင် ဂါဝန်လေးကိုမှ ငွေဖြူဆွဲကြိုး လေးကို အနီရောင်တောက်တောက် ပတ္တမြား လော့ကတ်သီး လေးဖြင့် ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားသည်။ ဆံပင်ရှည်ကြီးများကို အနား လိပ်ကောက်ထားသည်။ သူ ဘယ်လောက်တောင် ငေးမိသွားသည်မသိ ဟွားမန် ခေါ်မှသာ အသိပြန်ဝင်လာသည်။

YOU ARE READING
ပူလောင်သောအချစ် ( on going)
Randomstarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "