Unicode
သူအောက်ပြန်ဆင်းလာတော့ မားက သူ့ကို အလန့်တကြားဖြင့် စိုးရိမ်တကြီး ကြည့်လာသည်။ သူမလုံမလဲဖြင့် နှာခေါင်းကိုပွတ်ကာ ဟင်းချက်ဖို့ပြင်လိုက်သည်။
" မား ကျွန်တော် ထမင်းချက်နေတာ သွားလုပ်လိုက်အုံးမယ် "
" သားငယ်လေးကလည်း ဘာလို့ကိုယ်တိုင်ချက်မှာလဲ အိမ်မှာ အစေခံရှိတယ်မလား သူတို့ချက်ပါလိမ့်မယ် "
" မဟုတ်ပါဘူး မားရဲ့ ကျွန်တော်က ဒီနေ့ မိသားစုတွေစုံတုန်း အတူတူစားရအောင် ကိုယ်တိုင် ချက်ကျွေးချင်လို့ ဟီး "
" အင်းပါ အဲ့တာဆိုလည်း ဒီနေ့တစ်ရက်ပဲချက်ရမယ်နော် "
" ဟုတ် မား "
လင်းအာ မားကိုပြောပြီး မီးဖိုချောင်ထဲဝင်ကာ ဟင်းတွေအများကြီး ချက်နေလိုက်သည်။ အစက မောင် တစ်ယောက်ထဲအတွက်ပေမယ့် ခုက မားတို့ပါဆိုတော့ အများကြီး ချက်ရမည်။ လူစုံတက်စုံစားရဖို့လွယ်တာမဟုတ်ဘူး။
........................ဖန်းလုံ ပါးတို့က ပြောစရာရှိသည်ဆို၍ စာကြည့်ခန်းထဲမှာ ထိုင်နေရသည်။ ထိုင်နေတာထက် မားတို့အကြည့်စူးစူးတွေကို ခံနေရသည်ဆို ပိုမှန်မည်။မားကသူ့ကိုကြည့်ရင်း ဆိုလာသည်။
" မင်းလုပ်ပုံကိုကြည့်အုံး ကောင်းသေးရဲ့လား ဟမ် ကာမပိုင်ရှိရဲ့သားနဲ့ ဖောက်ပြန်တယ်ဟုတ်လား ငါတို့ တွေက တစ်လင်တစ်မယားစနစ်ပဲ လက်ခံတာ ခုမင်းလုပ်ပုံကိုကြည့်စမ်း
သားငယ်လေးကိုအားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး "မားက သူ့ကိုပြောပြီး မျက်နှာလွှဲသွားသည်။သူလား?? သူကတော့ ခေါင်းငုံ့ပြီးသားနေနိုင်သည်။ကိုယ့်အပြစ်နဲ့ကိုယ်ပဲမလား။ ဒီကိစ္စပြောရုံနဲ့ မားတို့က ဒီလိုကြီး လေးလေးနက်နက်ပြောနေစရာအကြောင်းမရှိ အရေးကြီးကိစ္စတစ်ခုရှိသေးလို့လား???? ၃ယောက်လုံး ဘာမှမပြောဘဲ အချိန်အနည်းငယ်ကြာ စာကြည့်ခန်းလေးဟာ တိတ်ဆိတ်နေခဲ့သည်။
.
.
အချိန်ခဏကြာမှ သူထင်သည့်အတိုင်းဆိုတာ ဖန်းလုံသိခဲ့ရတော့သည် ။တကယ် ကိစ္စကြီးတစ်ခုရှိနေခဲ့တာ။ တိတ်ဆိတ်နေတဲ့ စကားဝိုင်းကို ကျင်းပါပါးက စကားစ၍ စတင်ဖြိုခွဲလိုက်သည်။

YOU ARE READING
ပူလောင်သောအချစ် ( on going)
Randomstarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "