Part 16

244 7 0
                                    

Unicode

မောင်ရဲ့ စိတ်ကောက်မှုကြီးက ညအိပ်ရာဝင်သည်အထိမပြေခဲ့ပါ။ တကယ်ပါ ဒီမောင်နဲ့တော့ သူသဝန်တိုတတ်တာသိပေမယ့် လူမှုရေးအရပြုံးပြတာတော့ရှိမှာပဲလေ။ ဒါကိုသူကနားမလည် လင်းအာက တစ်ခြားတစ်ယောက်ရဲ့လက်ကိုကိုင်ပြီး တွဲသွားတွဲလာလုပ်နေတာလဲမဟုတ်ပါပဲ။ လိုက်သဝန်တိုနေတာ ဟွန့်။

" မောင်! "

"........" ပြန်စကားမလာ

" မောင်ရေ "

" ........." စကားမလာပြန်

" မောင်လို့ အဟွတ်အဟွတ်! "

" အချစ်လေး ရလား ဘာဖြစ်တာလဲ? ရော့ ရေသောက်လိုက်အုံး "

" ဟီးး "

မောင်ကမျက်မှောင်ကျုတ်ကာ

" မောင့်ယောကျ်ား! "

" ဟီးမောင်ကလည်းးးး "

" လိမ်ရဲတယ်ပေါ့ မူယာတွေထုတ်တတ်နေပြီပေါ့ "

" ငါမှမလိမ်ရင် မောင်က ငါ့ကိုပြန်ဖြေမှာမဟုတ်တော့ဘူးလေ "

" ဟင့် စိတ်ကောက်တယ် သွား လာမခေါ်နဲ့! "

ဘုရားရေ ရှုရှုဖန်တို့ ဘဝပြောင်းသွားပါပြီ!!! အို့ ဒါပေမယ့် Never mind ပါပဲ ရှောင်လင်းအာတို့ အပေါ်ထပ်ရောက်တာပေါ့ ။

" လာလာ အသဲလေးလာ ကိုယ့်ရင်ခွင်ထဲလာ ကိုယ်ချော့မယ် "

အံမယ် သူကအပေါ်ထပ်ပေါ့ ယောကျာ်းစိတ်တိုင်းကျပေါ့

" ကိုကို~~ "

" ဟ ဟ လာလာအသဲလေးလာ "

ဒီလိုနဲ့ မောင်တစ်ယောက်စိတ်ကောက်မှုဟာ လင်းအာရင်ခွင်ထဲထည့်ကာ ချော့ခြင်းနဲ့ ပြီးသွား​ေလပြီ။

......................................

နောက်တစ်နေ့မနက်.........

ဒီနေ့ ကုမ္ပဏီ၌အရေးကြီးကိစ္စတစ်ခုရှိပြီး ပရော့ဂျက်တစ်ခုကိုလုပ်မှာမို့ ဖန်းလုံ ယောကျ်ားနားကပ်ချင်သော်လည်း သွားရပြန်အုံးမည်။

" မွစ် မောင်သွားတော့ "

" ဟင်း မောင်သွားတောင်မသွားချင်တော့ဘူး "

" သွားလို​က်ပါမောင်ရဲ့ အရမ်းအရေးကြီးတယ်မလား မနက်အစောကြီးတောင်ဖုန်းဆက်ပြီး အတွင်းရေးမှူးက ပြောထားတာကို "

ပူလောင်သောအချစ် ( on going) Where stories live. Discover now