Unicode
သူတို့ ထမင်းစားပြီးတော့ လိမေ္မာ်သီးချိုချိုလေးကို အချိုတည်းရင်း စကားပြောနေကြသည်။
" သားလေးခုနက စကားပြောမို့ဆိုတာဘာလဲ? ?"
ကျင်းမားမားကစကားစတော့ လင်းအာမျက်နှာနည်းနည်းပျက်သွားကာ ခေါင်းကိုငုံ့ထားမိသည်။ ကိုယ်ကလိမ်ထားမိသည်မလား......
" အဲ့တာကေလ ဟို .... "
ဖန်းလုံ မောင့်ယောကျ်ားမျက်နှာကိုကြည့်ကာ စကားကိုမပြတ်တပြတ်ပြောနေတော့
" ဘာဟိုလဲ ဆက်ပြောလေ သားရဲ့ "
" အဲ့တာကေလ မား သားယောကျ်ားကိုဆေးကုဖို့.. "
"အလို သားငယ်လေးကသိသွားပြီလား? "
လင်းအာ ပါးတို့ရှေ့ဒူးထောက်လိုက်ကာ..
" ကျွန်တော့ကိုခွင့်လွှတ်ပါ ပါးနဲ့မား ကျွန်တော်လိမ်ထားခဲ့မိလို့ "
" မဟုတ္တာပဲ သားငယ်လေးရယ် ထ ထ ဒူးတွေနာလိမ့်မယ် "
မားကဆွဲထူတော့ လင်းအာလည်းထလိုက်ကာ ခုံပေါ်မှာ ပြန်ထိုင်လိုက်သည်။
" သားငယ်လေးကို ပါးတို့နားလည်ပါတယ် သားငယ်လေးကမပြောပြချင်ခဲ့တာမဟုတ်ဘူးလို့ ပါးထင်တယ် "
" ဟုတ်တယ် သားငယ်လေးကိုလည်းဆေးကုပေးဖို့ မားတို့ဆရာတွေသေချာရှာထားတယ် "
" ဟင့်မား "
လင်းအာ မားကိုသွားဖတ်လိုက်သည်။ လင်းအာနဲ့မားကိုပါးကတစ်ဆင့်ထပ်ဖက်သည်။ သူတို့သုံးယောက်ကို မောင်က အုပ်ကာထပ်ဖက်သည်။ လူထြားထြား ကြီးတွေကြားမှာ လင်းအာနဲ့မားကပိလို့...... ။
" သားငယ်လေးက တော်ပါတယ် ဒီရောဂါကိုလည်းအပြတ်ကုနိုင်မှာပါ.. "
" ဟုတ် ပါး "
" သားလေး မင်း သားငယ်လေးကိုပျော်အောင်ထားနော် နောက်နေ့တွေမင်းအလုပ်မသွားပဲ သားငယ်လေးသွားချင်တဲ့နေရာတွေကိုလိုက်ပို့လိုက် ကြားလား! "
" ဟုတ် မား ကျွန်တော်လိုက်ပို့လိုက်ပါ့မယ် "
" အေးအေး ဟုတ်ပြီ ဒါဆိုမားတို့သွားနားတော့မယ် "

أنت تقرأ
ပူလောင်သောအချစ် ( on going)
عشوائيstarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "