Part 8

403 18 2
                                    

Unicode

လင်းအာ နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝင့်ဝင့်သာချလိုက်တော့သည်။ အဲ့တာကေတာ့ မသေခင် မောင်နဲ့ တူတူ ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ပင်။ မောင့်ကို နှစ်သိမ့်ပေးပြီး အိမ်ထောင်သည်ဘဝကို သာသာယာယာဖြတ်သန်းကြည့်မည်။ မောင်နဲ့ သူ့ရဲ့လက်ကျန်အချိန်အပိုင်းခြားလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမည်။ သူကမောင့်ကို အိမ်မှာ ချက်ပြုတ်ပေးမည်။ မောင်နဲ့မနက်ခင်းကိုတူတူနိုးထမည်။ မောင်မနိုးခင် မောင့်ကို တစိမ့်စိမ့် ထိုင်ကြည့်မည်။ မောင်အိပ်ရာထနောက်ကျနေရင် Morning kiss လေးနဲ့ ညင်ညင်သာသာနှိုးမည်။ ကဲပြောနေတာကြာသည်။ သူချက်ချင်းပင် အိမ်တံခါးတွေသေချာပိတ်ပြီး မောင့်ဆီကိုထွက်လာခဲ့သည်။ ရှောင်ကျင်းကိုတော့အားနာရပါသည်။ အရင်ထဲက ကြိုယ့ကြိုခစွလြာခဲ့တာသိပမေယ့ြ သူအားနာနာနဲ့ပဲ ငြင်းရမှာပဲ။

' ငါ့ရင်ထဲမှာ မောင်က VVIP မို့ပါ ကျွန်တော်ကရှောင်ကျင်းကို ညီအစ်ကိုလိုပဲချစ်တာပါ '

သူ Taxi တစ်စီးကို လက်ပြကာ တားလိုက်ပြီး ဖန်းလုံဆီကိုထွက်ခဲ့တော့သည်။ သူရောက်သွားရင် ဖန်းလုံ ပျော်သွားမလား ။ ဒါမှမဟုတ် အံ့သြသွားမလား။ ဒါမှမဟုတ် သူ့ကိုနှင်ထုတ်နေမလား။ တွေးကြည့်ရင်းနဲ့ စိတ်လှုပ်ရှားလာသည်။

" ခရီးသည်ရောက်ပါပြီ "

" ကျေးဇူးတင်ပါတယ်ဗျ ဒီမှာ ပိုက်ဆံ "

" ဟုတ်ကဲ့ "

ဝူး.....

Taxi ကတော့ ဝူးကနဲဖြင့် မောင်းသွားခဲ့သည်။ သူဒီအိမ်ကြီးကိုရောက်လာပြန်ပြီ။ သူစရောက်တုန်းက ငယ်ငယ်လေးပဲရှိသေးသည်။ ဖန်းလုံကိုလည်း စချစ်ခဲ့သည်။ အဲ့အချိန်တုန်းကဖန်းလုံမှာ ရည်းစားရှိသည်လေ။သူ့ရည်းစားကိုသိပ်ချစ်တာ ဖန်းလုံးက ။ ဒါပေမယ့် ဘယ်လိုတွေဖြစ်သွားသည်မသိ။ သူ့ရည်းစားက လက်ထပ်သွားသည်။ စာလေးတစ်ဆောင်ထားခဲ့ပြီး သစ်စိမ်းချိုး ချိူးသွားခဲ့တာ ။ ဘာတဲ့။

* မောင်လေးတစ်ယောက်လိုပဲ ချစ်ခဲ့တာပါ * တဲ့။

အဲ့ကတည်းကဖန်းလုံပျက်ဆီးသွားခဲ့တာ။ထားခဲ့တဲ့လူက ပျော်ပျော်ကြီးထားခဲ့ပြီး ကျန်ခဲ့တဲ့လူက ပျက်ဆီးသွားသည်ပေါ့။ မကြာပါဘူး အန်တီတို့က ဖန်းလုံကိုသူနဲ့လက်ထပ်ပေးကြသည်။ အဲ့နေ့ကစပြီး သူ့ရဲ့ ငရဲစခဲ့သည်ပေါ့။ အင်းအခုတော့

ပူလောင်သောအချစ် ( on going) Where stories live. Discover now