UNICODE
ဇူလိုင်လကုန်တွင်မြို့တော်သည်နွေရာသီရာသီသို့တရား ဝင်ဝင်ရောက်ခဲ့သည်။ အပူလှိုင်းများသည်မျက်နှာပေါ် သို့ရိုက်ခတ်လာပြီးလေထဲကအပူချိန်သည်လူတစ်ဦးအား အသက်ရှင်လျက်ကင်ခံနေရသကဲ့သို့ခံစားခဲ့ရသည်။
လမ်းမနှင့်မနီးမဝေးတွင်သူတောင်းစားကလေးငါယောက်ခြောက်ယောက်လောက်အစာငတ်နေသောဝံပုလွေများလို အစာတောင်းခံနေကြသသည်။သူတို့ကစွန့်ပစ်ထားသောအစာအတွက်ပဲဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက်တိုက် ခိုက်ဖို့ဝန်မလေးသူများဖြစ်သည်။
သူတို့နဲ့ဆန့်ကျင်စွာ
စုတ်ပြတ်စွာဝတ်စားထားတဲ့ကလေးငယ်လေးကတိတ် ဆိတ်အိန္ဒြေရစွာပဲအုတ်နံရံကိုမှီကာထိုင်နေသည်။
တကယ်တော့..ကလေး..ခဏမူးမေ့နေသလိုဖြစ်နေတာ ဖြစ်သည်။
အပူရှိန်ကြောင့်သူမနဖူးမှာချွေးတွေရွှဲနေသည်။
လုလီကကြမ်းပေါ်ထိုင်ရင်းမျက်လုံးဝိုင်းများနဲ့ဘေးဘက်ဘယ်ညာကိုကြည့်ရင်း..ကျီးကန်းမွှေးလိုနက်မှောင်ရှည် လျားတဲ့မျက်တောင်တွေကိုတဖျတ်ဖျတ်ခတ်နေသည်။ သူမနဲ့မလှမ်းမကမ်းကညစ်ပေနေတဲ့ကလေးတွေကို ဗလာကျင်းတဲ့မျက်ဝန်းနဲ့ကြည့်နေမိသည် ......
သူမကမဆိုင်းမတွဘဲလက်ဝဲဘက်လက်ချောင်းကိုဖြန့် လိုက်ပြီးသူမ၏ညာလက်ကိုဂရုတစိုက်ဆုပ်လိုက်သည်။
အရေပြားအောက်မှာနူးညံ့တဲ့အသားကိုထိမိပြီးထူးခြား သောလူ့ခန္ဓာကိုယ်အပူချိန်ရှိသည်။
နွေးနေတယ် ......
ငါးလိုမအေးနေဘူး ......
လုလီမျက်ဝန်းနက်တွေကကြယ်တွေလိုတောက်ပသွားပြီး မယုံနိုင်အောင်ဖြစ်သွားသည်..သူမကသူမပါးစပ်ကိုလက် ဝါးနဲ့ကာထားရင်း..
"အိုးမိုင်ဂေ့ါ! ငါ..ငါ..ငါ..ဖေဖေ့သမီးထပ်ဖြစ်ခွင့်ရှိပြီပေ့ါ..!"
"ငါပြန်ပြီးမွေးဖွားလာပြီ!"
နောက်ဆုံးသူမကငါးတစ်ကောင်မဟုတ်တော့ဘူး!
လုလီအမေက Koi ငါးတွေရဲ့ခေါင်းဆောင်ဖြစ်ပြီး လုလီ က Koi ငါးမျိုးနွယ်ရဲ့မင်းသမီးလေးဖြစ်သည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...