UNICODE
ကိုယ်ရံတော် "???"
ခဏလေး..!
မစ္စစုန့်..အစ်မစည်းမျဉ်းတွေဘယ်ရောက်ကုန်တာလဲ!
"တကယ်?"
ကလေးမလေးမျက်ဝန်းတွေကတောက်ပသွားသည်..သူမ ရဲ့နူးညံ့ဖွေးနုတဲ့ပါးလေးတွေတောင်ရဲသွားပြီးသူမကချက် ခြင်းတက်ကြွစွာပြောလိုက်သည်။
"အန်တီ..လီလီတကယ်မလိမ်ဘူး..ဒါက..တကယ်.. တကယ်ကိုအရသာရှိတယ်!"
စုန့်ချင်းဝမ်ကသူမရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးကြည့်ရင်း နှုတ်ခမ်းတွေကော့တက်အောင်ပြုံးရင်းနှလုံးသားတွေပါ နူးညံ့သွားသည်။
"ကောင်းပါပြီ..အန်တီမြည်းကြည့်မယ်"
သူမကိတ်ပေါ်ကခရမ်(မ်)နဲနဲကိုမြည်းြက်ည့လိုက်သည်..အဲဒါဆီများတယ်..အချိုများတယ်..လုံးဝမကောင်းဘူး..ဒါ ပေမယ့်ကလေးလေးရဲ့မျှော်လင့်ချက်မျက်ဝန်းတွေ ကြောင့်သူမလိမ်လိုက်သည်။
"ဝိုး..အရမ်းအရသာရှိတယ်..."
"ဟုတ်လား!"
ကလေးမလေးကအရမ်းပျော်သွားပြီးမျက်ဝန်းတွေပိတ်ကျသွားတဲ့အထိပြုံးလိုက်ကာ
"အန်တီ..လီလီမလိမ်ဘူးနော်"
သူမစိတ်ထဲမှာအဲဒိ့မုန့်ကအရသာမရှိပေမယ့်..ဒီကလေးမလေးပေးလို့ကိုတန်ဖိုးရှိတယ်လို့ခံစားရသည်။ ဒီလိုရိုးရှင်း ချစ်စရာကောင်းတဲ့ကလေးလေးကိုသူမဘယ်လိုမချစ်ဘဲ နေမှာလဲ...
စုန့်ချင်းဝမ်ကပျော်ရွှင်နေတဲ့သူမကိုကြည့်ပြီးပါးတွေမဆွဲ ဘဲမနေနိုင်ဖြစ်မိသည်။
လုလီကသူမကိုထပ်စားစေတာမို့ စုန့်ချင်းဝမ်ကသူမဗိုက် အရမ်းပြည့်နေတယ်လို့လိမ်လိုက်သည်။
ကလေးမလေးကယုံသည်..သူမကကိတ်ကြီးကြီးကိုတစ်လုပ်ထားစားလိုက်သည်..နောက်ဆုံးသူမမျက်နှာလေးက ခရမ်(မ်)တွေပေပွကုန်ပြီးမုန့်ခိုးစားတဲ့ကြောင်လေးနဲ့တူ နေသည်။
စုန့်ချင်းဝမ်ကပြုံးကာသူမပါးစပ်တွေကိုစိတ်ရှည်လက် ရှည်သုတ်ပေးလိုက်သည်။
လုလီကပါးဖောင်းဖောင်းပလုပ်ပလောင်းနဲ့ကြည်လင်တဲ့ မျက်ဝန်းတွေကသိလိုစိတ်အပြည့်နဲ့နို့နဲ့မပျောက်သေးတဲ့ချစ်စရာအသံလေးနဲ့ခပ်ဝါးဝါးမေးလိုက်သည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...