Chapter 17: Can you even do it?-U/Z

261 34 0
                                    

UNICODE

စုန့်ချင်းဝမ်ကထပ်မပြောတော့ဘဲကလေးမလေးကိုပဲ နူးညံ့စွာချော့မော့လိုက်သည်။

မိန်းကလေးကမျက်ရည်တွေသုတ်ကာရှိုက်နေလိုက်သည်။ နောက်ဆုံးသူမငိုသံပိုပိုကျယ်လာသည်..။

စပျစ်သီးလုံးလေးလိုမဲနက်နေတဲ့မျက်ဆံနဲ့မျက်ဝန်းတွေကစိုစွတ်နေပြီးမျက်ရည်တွေပိုပိုစီးကျလာသည်..သူမပါး ပြင်လေးကနီရဲနေပြီး..သူမနှုတ်ခမ်းနီနီလေးကပိုပိုနီရဲနေ သည်။

"ပါပါး..မာမားပြောတာ..မာမားပြေတာက..တစ်စုံတစ် ယောက်ခန္ဓာကိုယ်ကိုထိတွေ့ပြီးရင်တာဝန်ယူရမယ်တဲ့.. wooooo ပါပါးကအမှိုက်ကောင်မဟုတ်ဘူးမှတ်လား.. အမှိုက်ကောင်တွေကအသတ်ခံရမှာ! ပါပါးကိုမသေစေချင် ဘူး..! ပါပါး..လီလီ့ကိုခေါ်ထားပါနော်..နော်?"

ဒါကသတင်းအချက်လက်နဲနဲလေးပဲ..

ဒါပေမယ့်အားလုံးကသူမကိုကြောင်ငေးကြည့်နေသည်။

ကလေးမလေးကအနိုင်ကျင့်ခံရပြီးသေလုမြောပါး စိတ်ဆင်းရဲနေသကဲ့သို့တရှုံ့ရှုံ့ငိုကြွေးနေသည်။

စုန့်ချင်းဝမ်မျက်ဝန်းတွေကသားရဲလိုရိုင်းစိုင်းသွားသည်။ သူမကအသက်ပြင်းပြင်းရှုရင်းလုဂျင်ဟန်ကိုတုန်ယင်နေတဲ့လက်တွေနဲ့လက်ညိုးထိုးရင်း

"နင်လူလား..ဟမ်? သူမက၃နှစ်ပဲရှိသေးတယ်မဟုတ်လား? ဒီ..ဒီလောက်သေးတဲ့ကလေးကို..နင်..နင်လုပ်ရဲလား?"

အိမ်တော်ထိန်းနဲ့လက်ထောက်မျက်နှာပြောင်းလဲသွား သည်.. သူတို့၏မျက်လုံးများသည်ပြစ်တင်ရှုံ့ ချမှုများနှင့် ပြည့်နေပြီး၊ သက်တော်စောင့်တစ် ဦးသည်ရဲကိုခေါ်ရန် အသင့်ဖြစ်နေသည်။

လုဂျင်ဟန်မျက်နှာရေခဲတုံးလိုဖြစ်နေသည်။ သူကထိုလူ တွေကိုကြည့်ပြီးနှာခေါင်းရှုံ့ကာ

"ဦးနှောက်ပျက်နေကြလား? ဒီလိုအရူးစကားကိုယုံတယ် လား..?"

ကိုယ်ရံတော်၊အိမ်အကူ၊လက်ထောက်၊ အိမ်တော်ထိန်း၊ စုန့်ချင်းဝမ်အပါအဝင်အားလုံးကသူ့ကိုဆန့်ကျင်စွာ ကြည့်ပြီး

"ဘာလို့မယုံရမှာလဲ? လီလီကအရမ်းလှတာ..သူမက ဘယ်လိုလိမ်မှာလဲ!"

I Became the Villain's Own DaughterWhere stories live. Discover now