UNICODE
အိမ်တော်ထိန်းကသိပ်တောင်မရှာလိုက်ရဘဲအစိမ်းရောင် ဝတ်စုံလေးကိုတွေ့လိုက်ရသည်..ကလေးမလေးကိုဝတ် ပေးပြီးတော့အိမ်တော်ထိန်းကဆွံ့အသွားသည်။
မှန်တဲ့ကကလေးမလေးကနူးညံ့တဲ့ပိုးသားလိုဆံပင်ရှည် လေးတွေဝဲကျနေပြီး..ကြီးမားတောက်ကတဲ့မျက်ဝန်းနက် တွေ..နှင်းလိုနူးညံ့ဖြူဝင်းတဲ့ပါးဖောင်းလေးတွေနဲ့တကယ့် ဘုရားတ လောက်အောင်ချစ်ဖို့ကောင်းသည်။
အဝတ်စားကြောင့်လားမသိဘူး..အိမ်တော်ထိန်းကသူမက ဒုတိယသခင်မလေးငယ်ငယ်တုန်းကပုံနဲ့တူတယ်လို့ထင် နေမိသည်။
"အန်ကယ်လ်?"
လုလီကအိမ်တော်ထိန်းကိုစိတ်ရှုပ်ထွေးစွာကြည့်တော့ အိမ်တော်ထိန်းခေါင်းယမ်းလိုက်သည်။သူလုပ်ပေးနိုင်တာ အားလုံးလုပ်ပေးပြီးပြီမို့..သူမကိုခြံအပြင်ကိုသွားထားရ မည်။
......
ပွဲကစတော့မှာမို့လုပ်စရာတွေအများကြီးရှိသေးတာကိုသတိရတော့ အိမ်တော်ထိန်းကလုလီကိုခြံအပြင်ကိုပို့ပေးပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့သည်။
ထိုစဉ်မှာပဲဧည့်ခံပွဲဆီကိုဧည့်သည်တွေတဖွဲဖွဲရောက်လာ နေကြသည်။နှစ်ယောက်၊သုံးယောက်အုပ်စုဖွဲ့ကာစား သောက်ရင်းစကားပြောနေကြသည်..
အိမ်တော်ထိန်းကအားလုံးကိုစေ့ငှအောင်စစ်ဆေးပြီးအိမ် အကူတွေကိုယ်ရံတော်တွေကိုထပ်ထပ်သတိပေးကာ အပေါ်ထပ်ကိုတက်သွားသည်။
စာကြည့်ခန်းရောက်တော့လုဂျင်ဟန်ကမှန်ပြတင်းပေါက် ရှည်တွေကနေအောက်ကမြင်ကွင်းကိုငုံ့ကြည့်နေသည်။ အဲဒိ့ကနေဝတ်စုံအစိမ်းနဲ့ကလေးမလေးကိုမြင်နေရသည်။
ကောင်းကင်ကလုံးဝမှောင်လာသည်။
ညလယ်မှာကလေးမလေးကခြံထောင့်လေးမှာဒီတိုင်းရပ် နေသည်..ဝတ်ကောင်းစားလှဝတ်ထားတဲ့ဧည့်သည်အများ အပြားသူမနားကဖြတ်သွားပြီးသူမပုံလေးကပိုပိုအထီးကျန် ပြီးသနားဖို့ကောင်းနေကာစွန့်ပစ်ခံလိုက်ရတဲ့ကြောင် လေးလိုဖြစ်နေသည်။
အိမ်တော်ထိန်းကသူမကိုကြည့်ရင်းနှလုံးသားတွေပိုပိုနာကျင်လာရသည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...