UNICODE
အခုသူမကအသက်လေးဆယ်ကျော်နေပြီးလက်ထပ်ဖို့ အစီစဉ်မရှိတော့ကလေးရဖို့လဲမဖြစ်နိုင်..နောက်ပြီးသူမကတစ်ကိုယ်ထဲဘဝကိုအသားကျနေပြီး လုဂျင်ဟန်မိဘ နေရာကနေပဲသူ့ကိုတိုက်တွန်းနေရသည်။
လုဂျင်ဟန်ကပေါ့ပါးစွာပဲဘောလုံးကိုပြန်ပုတ်ထုတ်လိုက် သည်။
"ဒါဆိုလဲ..မိဘမဲ့ကျောင်းသွားပြီးမွေးစားလိုက်..အဲဒိ့မှာ ဒေါ်လေးလိုချင်တဲ့မြေးတွေမှပုံလို့"
"......"
"ဘာရှိသေးလဲ?"
လုဂျင်ဟန်ကအချိန်ကိုပြန်ကြည့်ပြီး
"ကျွန်တော်..အောက်ဆင်းတော့မယ်"
စုန့်ချင်းဝမ်ကဒေါသတကြီးထပ်အော်လိုက်သည်။
"နင့်ကအတွက်ကလေးတစ်ယောက်သွားခေါ်လာပေးမှာကိုငါသေချာလုပ်အုန်းမှာ..မယုံရင်ကြည့်နေ"
စုန့်ချင်းဝမ်ကသူကလေးတွေမုန်းမှန်းသိလို့ကိုသူ့ဆီကို လွှတ်လိုက်အုန်းမှာ။
လုဂျင်ဟန်ကမျက်ခုံးပင့်ပြီး
"သဘောပဲ..လုမိသားစုအဖြစ်မသတ်မှတ်နိုင်တာကိုအဲဒိ့ ကလေးပြသနာမရှိရင်ပြီးတာပဲ"
"......"
စုန့်ချင်းဝမ်ကတကယ်တော့လုမိသားစုသွေးသာလိုချင် တာ..ဒါပေမယ့်ဒီတိုင်းဆို..တကယ်မွေးစားရတော့မလား။
ဒါပေမယ့်..သူကနောက်ပိုင်းလုဂျင်ဟန်အချစ်ကိုတွေ့ပြီး လက်ထပ်ပြီးကလေးရလာရင်..မွေးစားထားတဲ့ကလေးနဲ့ မိသားစုအရှုပ်အရှင်းတွေဖြစ်လာမှာစိုးလို့ဒီအစီအစဉ်ကို နောက်ဆုံးထားထားတာဖြစ်သည်။
နောက်ဆုံးသူမဘာသာပဲဒေါသတကြီးနဲ့ဖုန်းပြန်ချလိုက် သည်။
......
လုလီကအဲဒိ့နားကထွက်ခဲ့ပေမယ့်ဝေးဝေးမသွားပါ..
သူမကဝင်ပေါက်နောက်နားကကျောက်တုံးခြေင်္သေ့ရဲ့ နောက်နားမှာပုန်းနေပြီးဘယ်သူမှသတိမထားမိစေဖို့ နေနေလိုက်သည်။
လုလီကမကြာခဏတော့အပြင်ကိုခေါင်းလေးထွက်ထွက် ခိုးကြည့်ပြီးစိတ်ထဲမှာအကောင်းဆုံးကိုပဲတွေးထားသည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...