UNICODE
လုဂျင်ဟန်ဘာမှမပြောဘဲသူ့လက်ထဲကမီးခြစ်ကိုကစား နေသည်။
သူ့မျက်နှာကအေးစက်တင်းမာနေပြီးသူဘာတွေးနေလဲ ဆိုတာဘေးလူတွေနားမလည်ပါ။
အိမ်တော်ထိန်းကလုဂျင်ဟန်သူ့စကားတွေကိုမတားတာ တွေ့တော့.. ချက်ခြင်းပဲအားတက်ကာဆက်ပြီးပြောလိုက် သည်။
"ကလေးကသူတို့အတွက်ဘာမှအကျိုးမရှိတာသလို့သူမ မိသားစုသူမဘာသာဖြစ်ချင်ရာဖြစ်ဆိုပြီးထားလိုက်တာနေ မယ်..သူမကကလေးပဲရှိသေးတာ..အပြင်လောကဘယ် လောက်ဆိုးလဲ..သူမသေဆုံးသွားရင်တော့ပြသနာမရှိဘူး"
အထက်တန်းလွှာကမိသားစုတွေမှာသားကိုသမီးထက်ပို ပြီးဦးစားပေးသည်..လုမိသားစုလဲတူတူပဲဖြစ်ပြီး..သမီးတွေ ကဘာမှကိုအရာမဝင်နေပါ။
ရုတ်တရက်ခက်ထန်တဲ့သတ္တုရိုက်သံနဲ့မီးတောက်ကြီး တစ်ခုဖြစ်လာသည်။
လုဂျင်ဟန်ကအေးစက်စွာပြုံးရင်း
"ဘာလို့ဒါတွေပြောနေတာလဲ? သူမသေသေရှင်ရှင် ကျွန်တော်နဲ့မှမဆိုင်တာ"
ဒါပေမယ့်သူ့နှလုံးသားကနာကျင်နေသည်။
အိမ်တော်ထိန်းကသူပြောတာမကြားသလိုဆက်ပြော လိုက်သည်။
"သေတာကကြောက်စရာအကောင်းဆုံးကိစ္စမဟုတ်ဘူး... တကယ်ကြောက်စရာအကောင်းဆုံးကသူမကလူကုန်ကူးသူတွေလက်ထဲရောက်ပြီးရောင်းစားခံရမှာ..သူမကိုအလွဲ သုံးစားလုပ်ခံရမှာ...ကိုယ်တွင်းအင်္ဂါတွေရောင်းစားမှာ..သူမခြေလက်အင်္ဂါတွေကိုချို့ယွင်းအောင်လုပ်ပြီးလမ်းပေါ်မှာ တောင်းစားခိုင်းတာမျိုးဖြစ်မှာ..မသမာသူတွေလက်ထဲ ရောက်ပြီး...".
အိမ်တော်ထိန်းကပြောရင်းစိတ်ထဲမှာပိုပိုလေးလံလာသည်
"အထူးသဖြင့်ဒီနေ့လာတဲ့ဧည့်သည်တွေကဟိုင်ချန်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တွေ..အားလုံးမှာလဲကောင်းတာဆိုးတာ တွေရှိတယ်..အခု..သူတို့အားလုံးဝင်ထွက်နေတဲ့နေရာမှာ ဒီကလေးကရှိနေတာ...တော်ကြာတစ်ယောက်ယောက်ကအသာလေးခေါ်သွားရင်......"
လုဂျင်ဟန်မျက်ဝန်းတွေမည်းမှောင်သွားသည်။
သူကလဲဒီလောကအသိုင်းအဝိုင်းထဲကဖြစ်ပြီး..တချို့သော ကလေးခန္ဓာကိုယ်ကိုသုံးပြီးကစားတက်တဲ့တဏှာရူးတွေကိုသူတွေ့ဘူးသည်။သူတို့ကစားပြီးသတ်ပစ်တက်ကြ သေးသည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...