UNICODE
သုံးနှစ်ခွဲအရွယ်ကလေးတစ် ဦး ၏ခန္ဓာကိုယ်သည် ဖွံ့ဖြိုး ဆဲအဆင့်တွင် ရှိ၍ များသောအားဖြင့်သူတို့သည်စောစော အိပ်လေ့ရှိပြီးများသောအားဖြင့်ခုနစ်နာရီခန့်တွင်အိပ်ရန် စတင်လေ့ရှိသည်။
အခုဆူညံပူညံတွေအားလုံးပြီးချိန်မှာည၉နာရီခွဲနေပြီ။
လုလီကလုဂျင်ဟန်လက်မောင်းတွေကြားမှာမျက်လုံးတွေ ပွတ်ရင်းသန်းနေသည်..သူမမျက်တောင်ရှည်တွေကအကြိမ်စိပ်စိပ်ခပ်နေပြီးမျက်ဝန်းတွေကရွှန်းစိုနေသည်.. ဒါပေမယ့်သူမကအိပ်ပျော်မသွားဖို့ကြိုးစားနေသည်။
သူမ ပါပါးနားမှာထပ်နေချင်သေးတယ်..။
ဒါပေမယ့်နောက်ဆုံးမှာသူမ..မထိန်းနိုင်တော့ဘူး။
ကြက်ကလေးအစာကောက်နေသလိုသူမခေါင်းလေးက လုဂျင်ဟန်ပခုံးကိုခဏခဏလာထိနေပြီး..တစ်ခါတစ်လေ ဟောက်သံသေးသေးလေးကိုတောင်ကြားနေရသည်။
ပတ်ဝန်းကျင်ရဲ့ဆူညံသံတွေကသူမကိုဘာမှမနှောက် ယှက်နိုင်ဘဲသူမကသူမ ပါပါးလက်မောင်းတွေပေါ်မှာပဲ အိပ်ပျော်သွားသည်။
သူမရဲ့အပူပင်မဲ့အိပ်ပျော်နေတဲ့ပုံစံလေးကလုဂျင်ဟန်ကို မျက်ခုံးတွေပင့်တက်သွားစေသည်။
ဒီကလေးစုတ်လေးကသူ့လက်တွေပေါ်အိပ်ရဲတယ်..။
သူမကဝက်လိုတောင်အိပ်နေသေးတယ်။
သူမကိုရောင်းစားသွားမှာတောင်မကြောက်ဘူး...။
"ပါပါး ......"
ရုတ်တရက်ကလေးမလေးရဲ့ပါးဖောင်းလေးကသူ့လည် ပင်းနဲ့ပခုံးတွေကိုပွတ်လိုက်သည်..အဲဒိ့နောက်သူမလက် တွေကသူ့လည်ပင်းကိုတင်းတင်းဖက်ကာအသံတိုးတိုး လေးနဲ့ခေါ်လိုက်သည်။
လုဂျင်ဟန်ကမျက်ခုံးပင့်လိုက်ပြီး
"ဟမ်?"
သူ့အသံကြားတော့ကလေးမလေးကစိတ်သက်သာသွား သလို..သူ့ပခုံးပေါ်စိတ်ချလက်ချမှီပြီးထပ်အိပ်ပျော်သွား သည်။
သူမအသက်ရှုတဲ့လေနွေးနွေးလေးကသူ့လည်ပင်းနားမှာ ခံစားနေရသည်...အဲဒါကငှက်မွှေးနဲ့လာထိနေသလိုယား ယံသည်..သူမပါးဖောင်းလေးတွေကနီရဲနေပြီးအရမ်းကို ချစ်စရာကောင်းနေသည်။
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...