Chapter 5: Gentleman to Take Vengeance

440 45 2
                                    

unicode

နောက်ဆုံးတစ်ခေါက်က သခင်လေးလုကဟန်ဆောင် တဲ့ကလေးကိုအမှိုက်လို..ခြံဝန်းအပြင်ကိုပစ်ခိုင်းလိုက် သည်......

ဒီတစ်ခါရော ......

သူကသေချာစွာမေးလိုက်သည်။

"ခြံဝန်းအပြင်ကိုခေါ်သွားရမလား?"

"ဘာပဲဖြစ်ဖြစ်..." လုဂျင်ဟန်ထပ်မပြောချင်တော့ဘူး

"ပွဲစတော့မယ်..ကျွန်တော်သူ့ကိုထပ်မမြင်ချင်တော့ဘူး"

ပြောပီးတာနဲ့သူကအေးစက်စွာသူ့အကျီလက်ကိုဆွဲထား တဲ့ လုလီကိုဖယ်ချလိုက်ကာလှည့်ထွက်သွားသည်။

လက်သေးလေးတို့ဖူးလိုနူးညံ့နေပြီး..ကျိုးပျက်လွယ်သလိုခံစားလိုက်ရသ်ည။ သူ့အားကသူမလက်လေးကိုနာကျင် မိသွားစေမလားဆိုတဲ့နာကျင်မှုသူ့နှလုံးသားထဲမှာဖြစ် တည်လာသည်။

လုလီကသူမကိုလျစ်လျူရှုတဲ့ ပါပါးကိုကြည့်ရင်းစိုစွတ်နေ တဲ့မျက်ဝန်းတွေကပိုပြီးမျက်ရည်တွေပြည့်နေပြီးမျက်ရည် ဥတွေတစ်လုံးချင်းလိမ့်ဆင်းလာပြီးပတ်ဝန်းကျင်ကလူတွေ နှလုံးသားကိုချေမွခံလိုက်ရသလိုခံစားမိစေသည်။

သူမကသူ့နောက်ကအမြန်လိုက်ဖို့ကြိုးစားလိုက်ပေမယ့် သူမကအစားမစားရသေးတာတကယ်ပဲမို့သူမသူ့ကို လိုက်လို့မမှီနေ..

"ပါပါး..လီလီ့ကိုစောင့်ပါဦး..လီလီ့ကို..မထားခဲ့ပါ..ပါပါး.. oooooh ......".

လုဂျင်ဟန်ခြေလှမ်းတွေကတုန့်သွားပေမယ့်နောက်ကို လှည့်မကြည့်နေ..သူချက်ခြင်းအထဲကိုဝင်လိုက်ပြီးသူ့ကို

စိုက်ကြည့်နေတဲ့လုလီကိုအဲဒ့ိနားမှာပဲထားခဲ့လိုက်သည်။

အိမ်တော်ထိန်းကလုလီကိုမယုံနိုင်စွာကြည့်နေသည်။ဒီ အဆုံးသတ်ကမယုံနိုင်စရာပဲ။

သခင်လေးလုကသူမကိုခြံတံခါးအပြင်ကိုပို့ဖို့ပဲပြောပြီးတ ခြားကလေးတွေလိုမဆက်ဆံတော့..ထူးဆန်းသလိုသူလဲ ခံစားမိသည်။ဒါပေမယ့်..ဒီကလေးကိုကြည့်မိရင်ဘယ်သူကရက်စက်နိုင်မှာလဲ?

လုဂျင်ဟန်နောက်ကျောကသူတို့မြင်ကွင်းကပျောက်သွား သည်။ အိမ်တော်ထိန်းကလုလီကိုဘယ်လိုအငိုတိတ် အောင်လုပ်ရမလဲတွေးနေသည်။

I Became the Villain's Own DaughterWhere stories live. Discover now