Chapter 22: Not Even a Touch of Wine-U/Z

285 35 0
                                    

UNICODE

ဘေးကအိမ်အကူကနောက်ကျောကချွေးအေးတွေစီးကျ နေသည်။

စကားနားမထောင်တဲ့ကလေးကိုပစ်ထုတ်တော့မလားလို့ အိမ်အကူကတွေးနေတုန်း လုဂျင်ဟန်ကမျက်ဝန်းတွေကို ပြန်ရုတ်သိမ်းရင်းမလုပ်စဖူးအသံတိုးတိုးနဲ့ထပ်ထပ်ချော့ လိုက်သည်။

"လိမ္မာတယ်..အပေါ်မှာအိပ်နေ..ဒီမှာလုပ်စရာတွေအများ ကြီးရှိတယ်.."

လှပနူးညံ့ချစ်စရာကောင်းတဲ့ကလေးမလေးမျက်နှာလေး ကသနားစရာငယ်သွားပြီးသူမကနှုတ်ခမ်းတွေကိုကိုက်ပြီး နို့နဲ့မပျောက်သေးတဲ့ချစ်စရာအသံလေးနဲ့ပြောလိုက် သည်။

"...... အင်း..ဒါပေမယ့်.. ပါပါးမြန်မြန်လာနော်.. လီလီက ပါပါးနားမှာပဲအိပ်မှာ"

လုဂျင်ဟန်ကလုပ်စရာတွေရှိနေသေးတော့သူမစကားကို သိပ်အလေးမထား..သူကအချိန်ကိုပဲကြည့်ရင်း

"အမ်းး"

သူသဘောတူတာမြင်တော့ကလေးမလေးကပျော်ရွှင်သွား ပြီး..သူကမချက်ခြင်းမမျှော်လင့်ထားစွာသူ့ပါးတွေကိုနမ်း လိုက်သည်။

လုဂျင်ဟန်ကိုယ်ကတောင့်တင်းသွားပြီးမျက်နှာကဘာအမူ အယာမှမပေါ်လာ..လှပနူးညံ့ချစ်စရာကောင်းတဲ့ကလေးမလေးကချက်ခြင်းအခြေနေနားလည်စွာအသတ်မခံရင်ပြေး ထွက်သွားသည်..ဒါပေမယ့်ပျော်ရွှင်တဲ့အသံလေးက နောက်မှာကျန်ခဲ့သည်..။

"ပါပါး..ကိုသမီးကံကောင်းခြင်းတွေပေးတယ်! မြန်မြန် အလုပ်ပြီးရင်..လီလီဆီကိုပြန်လာခဲ့ပါ..!"

သူ့ပါးမှာနူးညံ့နွေးထွေးတဲ့အထိတွေ့ကအခုထိရှိနေတုန်းပဲလု့ခံစားရပြီး..နို့နံ့လေးသင်းနေပြီးပါးကစိုစွတ်နေသည်

ဒါသူမပြောတဲ့ကံကောင်းခြင်းလား?

လှေကားပေါ်ခုန်ပေါက်တက်သွားတဲ့ကလေးမလေးကို ကြည့်ရင်း..သူပါးစပ်အဟောင်းသားဖြစ်သွားကာခပ်တိုး တိုးရေရွတ်လိုက်သည်။

"...... ကလေးဆန်လိုက်တာ..."

သူကအဲဒိ့ကံကိုမယုံကြည်ဘူး..။

လာဘ်ကောင်းလို့မွေးတဲ့ ငါးကြင်းနီတွေတောင်..သူက စားဖို့မွေးတာဖြစ်သည်။

I Became the Villain's Own DaughterWhere stories live. Discover now