Chapter 3: Pa Pa - U/Z

490 45 1
                                    

unicode

နောက်ဆုံးအခေါက် သခင်လေးလုရှေ့ကိုရောက်ခဲ့ဘူးတဲ့ ကလေးတုန်းကဘာစကားမှတောင်မပြောဘဲ သခင်လေးလုကချက်ခြင်းလွှင့်ပစ်ခိုင်းလိုက်သည်။

အဲဒိ့ကလေးကသခင်လေးလုရဲ့အပြုအမူကြောင့်စိတ် ဒဏ်ရာပါရသွားပြီးညတိုင်းအိမ်မက်ဆိုးတွေမက်ကာ သခင်လေးလုအကြောင်း၊ပုံ..တွေ့တာနဲ့ကြောင်ကိုတွေ့ တဲ့ကြွက်လိုအမြဲထိတ်လန့်တကြားထွက်ပြေးနေတက် သည်။

နက်ရှိုင်းတဲ့စိတ်ဒဏ်ရာရသွားခဲ့တာဖြစ်သည်။

လုလီရဲ့နူးညံံဖြူစင်တဲ့မျက်နှာလေးနဲ့တောက်ပနေတဲ့ မျက်ဝန်းလေးကိုကြည့်ပြီးအိမ်တော်ထိန်းနှလုံးသားက တူနဲ့အချက်တစ်သောင်းလောက်ထုခံရသလိုနာကျင်နေ မိသည်။သူကအမြန်ပဲလုဂျင်ဟန်မတိုက်ခိုက်နိုင်ခင်ကိုယ်ရံ တော်တွေဘက်ကိုလှည့်ကာအော်လိုက်သည်။

"မင်းတို့ထဲကဘယ်သူဒီကလေးခေါ်လာတာလဲ..အမြန် ပြန်ခေါ်သွားကြ..."

ဒါပထမဆုံးအကြိမ်ဖြစ်ဘူးတာလဲမဟုတ်ဘူး။

လွန်ခဲ့တဲ့နှစ်လက စီအီးအိုစိတ်ကူးယဉ်ဝတ္တုတွေအဖတ် များပြီးစိတ်လွတ်နေလားမသိတဲ့ခပ်ရဲရဲအိမ်အကူတစ် ယောက်ကလုမိသားစုဧည့်ခံပွဲမှာလူတွေအလုပ်များနေ တာကိုအခွင့်ကောင်းယူပြီးသူမတူလေးကိုခေါ်သွင်းလာ ကာ..သခင်လေးလုကိုပါပါးလို့ခေါ်စေခဲ့သည်။

သူမကကလေးကိုဗန်းပြပြီးသခင်လေးလုနှလုံးသားကို ပျော့ပြောင်းစေချင်ခဲ့ပြီးသူမနဲ့နီးစပ်စေချင်ခဲ့သည်။

သိသာစွာပဲသူမတွက်ကိန်းကအရမ်းကောင်းပေမယ့် ဘာမှ အသုံးဝင်တဲ့အရာမဟုတ်ခဲ့!

သခင်လေးလုကကလေးတွေကိုမကြိုက်တဲ့အပြင်မိန်းမ တွေထက်တောင်မုန်းသေးသည်။

သူချက်ခြင်းအဲဒိ့ကလေးကိုတံခါးဝကနေပစ်ထုတ်လိုက် သည်။

နောက်ဆုံးအဲဒိ့အိမ်အကူလဲဘာမှလုပ်စားမရတဲ့ဘဝကို ရောက်သွားခဲ့သည်။

အိမ်အကူနဲ့ကိုယ်ရံတော်တွေတိတ်ဆိတ်နေတော့.. အိမ်တော်ထိန်းမျက်နှာကပိုပြီးမည်းမှောင်လာသည်။

I Became the Villain's Own DaughterWhere stories live. Discover now