Chapter 2: Dont' Leave - U/Z

606 46 2
                                    

unicode

အိမ်တော်ထိန်းခဏရပ်နေပြီးတော့မှသခင်လေးကဘာမှ စိတ်ဝင်စားပုံမပြတော့စိတ်သက်သာသွားသည်။

ဒါပေမယ့်အသံကမရပ်သွားတဲ့အပြင်နဲနဲအလျင်စလိုဖြစ် လာသည်။

"ပါပါး.. ပါပါး.. မသွားပါနဲ့ဦး..သမီးကိုစောင့်ပါ! သမီး ခြေထောက်ကတိုနေလို့မြန်မြန်လျှောက်လို့မရဘူး"

????

မသွားပါနဲ့ ......

သွား......

နေဦး!

ဒီမှာရှိပြီးလမ်းလျှောက်တဲ့သူဆိုလို့...

"ပါပါး လုဂျင်ဟန်..သမီးကိုစောင့်ပါဦး..."

အိမ်တော်ထိန်းကထိတ်လန့်စိုးရွံ့မှုနဲ့မျက်ဝန်းတွေပြူး ကျယ်သွားသလိုဘေးကအိမ်အကူတွေလဲအံ့သြမှုနဲ့ပါးစပ် အဟောင်းသားဖြစ်သွားသည်။

လု.. သခင်လေးလုက ပါပါးလား?

ဘယ်တုန်းကလဲ?

ရေကန်တစ်ဖက်ကရှင်းလင်းပီသတဲ့အသံကိုဒီနားမှာရှိတဲ့ လူအကုန်လိုလိုသေချာကြားကြသည်။

လုဂျင်ဟန်လဲသေချာကြားသည်။

သူကရပ်ကာနောက်လှည့်ရင်းရေကန်ဘက်ကိုအန္တရာယ် များတဲ့မျက်ဝန်းတွေနဲ့ဘယ်လိုအရူးလေးကသူ့ကိုအဖေ ခေါ်ရဲတာလဲဆိုတာလှမ်းကြည့်လိုက်သည်။

ခဏနေတော့အားလုံးကြောင်အသွားသည်။

ရေသံသဲ့သဲ့နဲ့ရေကန်ထဲကလှပနူးညံ့တဲ့ကလေးမလေးက အမြန်ထွက်လာသည်။

သူမရဲ့နက်မှောင်နေတဲ့ဆံပင်တွေကစိုစွတ်နေပြီးနူးညံ့ဖြူနုတဲ့မျက်နှာမှာကပ်နေပြီးသူမျက်ဝန်းတွေကရွှန်းစိုတောက်ပ နေသည်...သူမရဲ့စိုစွတ်နေတဲ့မျက်တောင်ရှည်တွေကနက် မှောင်ရှည်လျားနေပြီးနီမြန်းတဲ့နူတ်ခမ်းလေးကအရာရာပြီး ပြည့်စုံနေသည်။

ညစ်ပတ်တဲ့ရေကန်ကိုလက်သေးသေးလေးကတွယ်ဖက် ထားပြီးတောက်ပတဲ့မျက်လုံးဝိုင်းကြီးတွေကလုဂျင်ဟန်ဆီ ကိုလင်းလက်စွာကြည့်နေသည်...သူမမျက်နှာလေးက ပျော်ရွှင်မှုနဲ့ပြည့်နေပြီးနို့နံ့မပျောက်သေးတဲ့အသံနူးနူးညံ့ ညံံ့လေးနဲ့ထပ်အော်လိုက်သည်။

I Became the Villain's Own DaughterWhere stories live. Discover now