Chapter 9: Anty

345 35 3
                                    

UNICODE

စုန့်ချင်းဝမ်ရဲ့ကိုယ်ရည်သွေးကသွေးဆူလွယ်ကာအခုလဲ ဒေါသထွက်နေပေမယ့်သူမကအေးဆေးစွာပဲပြောလိုက် သည်။

"ဘာလို့ဖုန်းကိုင်တာကြာနေတာလဲ?"

လုဂျင်ဟန်ကအေးဆေးစွာပဲ

"အလုပ်များနေလို့"

စုန့်ချင်းဝမ်ကနှာခေါင်းရှုံ့ရင်း

"အလုပ်များတယ်?နင့်ကိုလက်ထပ်ဖို့တိုက်တွန်းမှာစိုးလို့ ငါ့ဖုန်းကိုမကိုင်ချင်တာမဟုတ်ဘူးလား?"

လုဂျင်ဟန်တိတ်ဆိတ်နေသည်။

သူ့ကိုဤကဲ့သို့ထပ်မြင်ရသည်၊ စုန့်ချင်းဝမ်သည်ဒေါသ ထွက်ပြီးဒေါသတကြီးရယ်လိုက်သည်။

သူမကသူမ၏တူရဲ့ရူးသွပ်..မနာလိုခြင်းနှင့် လက်စားချေ တတ်သောအေးစက်သောသဘောသဘာဝကိုမည်သို့ သတိမပြုနိုင်သနည်း။

သူ့မိဘတွေဆုံးတော့..အမွေဆက်ခံမယ့်သူတွေများစွာ ကျန်နေသေးတဲ့သူ့အဖိုးကသူနဲ့လုအားရန်ကိုသေသေရှင် ရှင်ပစ်ထားခဲ့တာမို့သူမသူတို့ကိုမွေးခဲ့သည်။အဲလိုမှသာမဟုတ်ရင်သူကသူမကိုတောင်စကားပြောနေမှာမဟုတ်ဘူး။

လုဂျင်ဟန်ကမိန်းမနဲ့ကလေးတွေကိုမုန်းသလောက်.. စုန့်ချင်းဝမ်ကတော့သူတို့ကိုချစ်သည်..သူနဲ့လုအားရန် ကိုသူမသားသမီးအရင်းလိုမွေးမြူခဲ့သည်။

အသက်ကြီးတဲ့လူတွေကမြေးချင်ချင်တဲ့ရောဂါကယျေဘူယျပြသနာဖြစ်သည်။သူမလဲအိုလာလေ..မြေးလေးရချင်လာလေပဲ..တခြားမိသားစုတွေမှာသား၊သမီး၊မြေး၊မြစ်တွေ နဲ့သူတို့အိမ်မှာမရှိဘူး။

လုဂျင်ဟန်ကလေးမုန်းတဲ့အပြင်မိန်းမတွေနဲ့လဲအဆက်ဆံမလုပ်ဘူး..လုအားရန်ကမွေးထဲကခန္ဓာကိုယ်အရမ်းကို အားနည်းနေတဲ့ကလေး။

"နင်နောက်နှစ်မှာငါ့ကိုမြေးမမွေးပေးနိုင်ရင်..နင်နဲ့ငါ တကယ်ရေစက်ပြတ်ပြီ! င့ါအိမ်ဘေးကဝမ်အိမ်ကခွေးမ လေးတောင်နင့်ထက်ငယ်ပြီးကလေးတွေအများကြီးရနေ ပြီ..နင့်မှာဘာမှကိုမရှိဘူး! တခြားလူတွေကိုလဲကြည့်..နင့် ကိုနင်ပြန်ကြည့်..တကယ်အသုံးမကျဘူး..ငါနင့်ကိုဘယ် နှစ်ခေါက်ထပ်ပြောရမှာလဲ?"

I Became the Villain's Own DaughterWhere stories live. Discover now