UNICDOE
ကိုယ်ရံတော်ကသတင်းပို့လိုက်သည်။
"သခင်လေးလုဖိုင်တွေအားလုံးစစ်ပြီးပါပြီ..ဘာမှပျောက် နေတာမရှိပါဘူး"
မန်နေဂျာချန်ကသူ့ပျော့ညံ့မှုကိုပြန်ပြီးကျေးဇူးတင်သွားမိ သည်...သူအဲဒိ့ဖိုင်တွေကိုတွေ့တော့တကယ်မယူရဲတာမို့ ဒီတိုင်းထားလိုက်တာ။
"မစ္စတာလု..သေချာစစ်ကြည့်ပါ..တကယ်ကျွန်တော်တို့ ဘာမှမယူပါဘူး..ကျွန်တော်တို့က..ခိုးဟန်ပဲ......".
"လုပ်ထုံးလုပ်နည်းအရလား?"
လုဂျင်ဟန်ပြုံးလိုက်ပြီး
"လှုပ်ရှားမှုလေးပဲလုပ်ဖို့ဒီစာကြည့်ခန်းကိုဝင်ခဲ့တယ်? ကျွန်တော်ကနုံအတဲ့လူလို့ခင်ဗျားမြင်နေတာလား?"
ဒုတိယအထွေထွေမန်နေဂျာလျူကဝိဉာဉ်လွင့်နေသူလို ထိတ်လန့်ကြောက်ရွံ့နေသည်။ဘယ်လိုမှမလွတ်နိုင်တာကိုသိတော့..သူအမြန်တောင်းပန်လိုက်သည်။
"သခင်လေးလု, သခင်လေးလု, ဒီတစ်ခါလောက်ခွင့်လွှတ် ပေးပါ..ကျွန်တော်တို့တကယ်မှားပါတယ်..နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး..နောက်တစ်ခါ"
ရုတ်တရက်အေးစက်တဲ့ဓါးသွားရှည်ဓါးမြောင်တစ်ချောင်းကသူတို့ရှေ့ကြမ်းပြင်ပေါ်ကျလာသည်။
ကော်ဇောအပြည့်ခင်းထားတဲ့ပေါ်ကဖြတ်ပြီးအောက်က ကြမ်းပြင်ထိစိုက်ဝင်သွားတဲ့ဓါးကဘယ်လောက်ထက်ရှပြီး အန္တရာယ်ကြီးလဲဆိုတာအားလုံးနားလည်သည်။
ဓါးကိုမြင်တော့ထိုလူနှစ်ယောက်လုံးပျာယာခတ်သွားပြီး
"သခင်လေးလု ......ဒီ..ဒီ......"
လုဂျင်ဟန်ကထိုလူနှစ်ယောက်ကအေးစက်စက်ကြည့်ရင်း
"လက်ကိုထားခဲ့ပြီး..ထွက်သွား.."
"သခင်လေးလု!"
သူတို့မျက်နှာကလုံးဝဖြူဆုတ်သွားသည်။
"ကျွန်တော်..ကျွန်တော်တို့..ကုမ္ပဏီကထွက်သွားပါ့မယ် ဘာဘာမှမတောင်းဆိုပါဘူး..ဘာမှလဲမယူပါဘူး..."
"မလုပ်နိုင်ဘူးလား.."
လုဂျင်ဟန်ကထိုင်ခုံနောက်မှီကိုမှီရင်းဆေးလိပ်ငွေ့တွေ ထပ်မှုတ်ထုတ်လိုက်ကာ
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...