UNICODE
အိမ်တော်ထိန်းကထိုစကားကိုစိတ်ထဲမှာပဲထားကာပြုံးပြ လိုက်သည်။
"မစ္စစုန့်..တကယ်တော့..သခင်လေးလုကသခင်မလေး ကို တကယ်ကိုဂရုစိုက်ပါတယ်..သူကမဖော်ပြတက်တာပါ။ စောတုန်းက..သခင်မလေးကိုအပြင်ကိုပို့ခိုင်းပြီးတော့မှ.. သခင်လေးလုကပြန်ခေါ်ခိုင်းတာ..ကလေးကိုမတွေ့လို့ ဒေါသတွေအရမ်းထွက်နေတာ ......"
စုန့်ချင်းဝမ်ကသူပြောချင်တာကိုနားမလည်ဘဲဘယ်နေပ့ါ မလဲ..သူမကလက်ဝေ့ယမ်းလိုက်ပြီး..
"အိုကေ..အိုကေ..အဲဒိ့ငမိုက်သားအတွက်ပြောပေးမနေနဲ့ တော့.. ကျွန်မကသူ့အကြောင်းမသိတဲ့သူမို့လား? သူက ကျိန်းသေလီလီ့ ပါပါးပဲ!ကျွန်မမြေးကိုကောင်းကောင်း ဆက်ဆံနေရသရွေ့..လီလီကိုသူ့ဆီကမခိုးဘူး..."
အိမ်တော်ထိန်းကပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ်..မစ္စစုန့်"
သခင်လေးလုကလီလီ့ရဲ့ပါပါးဖြစ်နိုင်ချေရှိတာမို့မစ္စစုန့်က ဒီနေ့ကလေးကို သခင်လေးလုဆီပေးတာဆိုတာသူနား လည်သည်။
အိမ်တော်ထိန်းကခဏလောက်စဉ်းစားပြီးတော့
"မစ္စစုန့်..သခင်မလေးအခုလုမိသားစုမှာနေမှာဆိုတော့.. သူမရဲ့အမေ.."
"အဲဒါပြသနာပဲ..."
စုန့်ချင်းဝမ်ကမျက်ခုံးတွန့်ရင်း
"လီလီအမေအကြောင်းဘာသိထားလဲ?"
"ဘာမှမသိထားပါဘူး"
အိမ်တော်ထိန်းဆက်ပြီး
"သခင်မလေးကရုတ်တရက်ပေါ်လာပြီး..ဘယ်သူပို့လိုက် တာလဲဆိုတာလဲစီစီတီဗွီမှာမရှိတော့..ရှာဖို့မလွယ်ပါဘူး။ သခင်မလေးကိုမေးရင်တောင်..သခင်မလေးကိုယ်တိုင်က သေချာရှင်းပြနိုင်မယ်မထင်ဘူး"
"ဒါဆိုလဲမရှာနဲ့တော့.."
စုန့်ချင်းဝမ်ကပြတ်သားစွာပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်..လီလီကငါတို့နားရှိနေပြီပဲ..သူမအမေတွေ ဘာတွေမလိုအပ်တော့ဘူး..အဲဒိ့ငမိုက်သား လုဂျင်ဟန် မိန်းမတွေကိုကြည့်မရဘူး..တကယ်လို့ လီလီအမေကိုသူ တွေ့ရင်တောင်လက်ထပ်မှာမဟုတ်ဘူး.. ငါတို့အတွက်.. လီလီတစ်ယောက်ထဲပဲလုံလောက်တယ်"
YOU ARE READING
I Became the Villain's Own Daughter
Historical FictionAuthor(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove the cont...