Chapter 11: No One Found-U/Z

421 48 1
                                    

UNICODE

စုန့်ချင်းဝမ်တစ်ယောက်ထဲရဲ့အေးစက်မှုနဲ့တောင်တော် ရုံအရွယ်ရောက်တဲ့လူကကြောက်ရွံ့မိကြမှာအသေအချာပဲ ဖြစ်သည်။

စုန့်ချင်းဝမ်ကသူနိုးလာတော့စိတ်ထဲကဆူပူလိုက်သည်– damn it!

လက်ထောက်နဲ့ကိုယ်ရံတော်တွေလဲမျက်နှာပျက်သွား၏

"Oh no..ဘာလို့..ဒီဘိုဘေးလေးကနိုးလာတာလဲ..."

စုန့်ချင်းဝမ်ကိုမြင်ပြီးငိုတဲ့ကလေးတွေကိုသူတို့မြင်ဘူးပြီးအမြဲလဲခေါင်းကိုက်တဲ့အထိချော့မော့ခဲ့ရဘူးသည်။

ဒါပေမယ့်အံ့သြစရာက..မိန်းကလေးကသူတို့ကိုမြင်ပြီး မငိုတဲ့အပြင်စူးစမ်းသလိုကြည့်ရင်းနားမလည်သလိုကြည့် ပြီးမျက်တောင်တွေခတ်ရင်းမေးလိုက်သည်။

"အန်တီကြီး..အန်ကယ်လ်..လမ်းပျောက်နေလို့လား?"

သူမနားလည်ပါတယ်..ဘာလို့လဲဆိုတော့သူမပါပါးအိမ်က အကြီးကြီးပဲလေ..

စုန့်ချင်းဝမ်အံ့သြကြောင်အသွားသည်..သူမကိုမကြောက်တဲ့ကလေးပထမဆုံးမြင်ဘူးတာပဲ။

"ကလေးလေး..ငါ့ကိုမကြောက်ဘူးလား?"

စုန့်ချင်းဝမ်ကမျက်နှာတင်းထားပြီးတမင်ခြောက်ပြီးမေး လိုက်သည်။

နောက်စက္ကန့်အနည်းငယ်မှာသူမကလှပနူးညံ့ချစ်စရာ ကောင်းတဲ့ကလေးမလေးရဲ့ကြီးမားကြည်လင်တောက်ပတဲ့မျက်ဝန်းတွေကိုကြည့်ပြီးမသိလိုက်ဘဲသူမမျက်နှာလေး ကိုထိကြည့်မိသည်။အသားလေးကသူမထင်ထားသလိုအ ရမ်းကိုနူးညံ့နေတာပဲ..ဂျယ်လီတုံးလေးလိုပဲ..နဲနဲအားထည့် လိုက်ရင်ပျက်စီးသွားတော့မလိုခံစားရသည်။

ဒါ ...... တကယ်ထိလို့ကောင်းတယ်. ......

"မကြောက်ပါဘူး.."

လုလီကမျက်ခုံးတွန့်ရင်းရှုပ်ထွေးနေသလိုပုံနဲ့မေးလိုက် သည်..

"အန်တီကအရမ်းလှတာ..ဘာလို့ကြောက်ရမှာလဲ?"

စုန့်ချင်းဝမ်အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

"ပါးစပ်လေးကတော့ချိုနေတာပဲ.."

သူမကအဲလိုပြောပြီးသူမရဲ့အေးစက်စက်မျက်နှာကမနှစ် သက်သလိုဖြစ်နေပေမယ့်သူမနှုတ်ခမ်းထောင့်တွေက ကော့တက်နေသည်။

I Became the Villain's Own DaughterWhere stories live. Discover now