Uni
🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤Ep 3
အဏ္ဏဝါဇိုင်းတယောက် ရေလဲဝတ်စုံဝတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာ၏။ ထို့နောက် ကုတင်ပေါ်တွင်အိပ်မောကျနေသော ကလေးငယ်၏အနားသို့သွား၍ ကုတင်ခေါင်းရင်းကို ကျောမှီလျက်ထိုင်လိုက်တယ်။ ပြီးတာနဲ့ အိပ်ပျော်နေတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်လေးကို မနိုးစေရန်သတိထား၍ပွေ့ချီလျက် သူ့ပေါင်ပေါ်သို့တင်၍ ရင်ထဲသို့ထည့်ကာဖက်ထားလိုက်သည်။
အိပ်ပျော်နေတဲ့ ကလေးငယ်၏ဦးခေါင်းထက်ရှိ ရွှေအိုရောင်ဆံနွယ်တွေကို နှာခေါင်းထိပ်ြဖင့်ဖိကပ်၍နမ်းရှိုက်လိုက်၏။ ထို့နောက် ကုတင်ဘေးရှိစားပွဲပေါ်တွင်တင်ထားသော စာအုပ်တအုပ်ယူ၍စာဖတ်ရင်း ကလေးငယ်နိုးလာမည့်အချိန်ကိုစောင့်နေလိုက်သည်။
တစုံတဦးက သူ၏ခန္ဓာကိုယ်အား တင်းကြပ်စွာပွေ့ဖက်ထားမှုကြောင့် အနည်းငယ်အသက်ရှူရခက်လာဖြင့် ရိန်းတယောက် မျက်နှာလေးရှုံ့မဲ့ရင်း အိပ်ယာမှနိုးလာ၏။ မျက်လုံးဖွင့်သည်နှင့်မြင်လိုက်ရသည်က လူကြီး၏တောင့်တင်းမာကြောသော ရင်ဘတ်ကိုဖြစ်၏။ မျက်လုံးကို လက်ဖြင့်ပွတ်သပ်မိတော့ လူကြီးက သူ့ရဲ့သန်မာသောလက်ဖဝါးကျယ်ကြီးဖြင့် ရိန်း၏လက်ကိုအုပ်ကိုင်လေ၏။
"အရမ်းမပွတ်နဲ့လေ အူကြူးလေးရဲ့ မျက်လုံးတွေနာနေလိမ့်မယ်"
သူ့ကိုကြင်နာစွာကြည့်ရင်း ဩရှရှအသံလေးဖြင့်ပြောနေသော လူကြီးကို သွားစွယ်ဖြူလေးတွေပေါ်သည်အထိ သူ ရယ်ပြလိုက်တယ်။ အနေအထားအရသူက လူကြီး၏ရင်ခွင်ထဲတွင် ဘေးစောင်း ထိုင်လျက်သား အိပ်ပျော်နေတာဖြစ်ပြီး လူကြီးဝတ်ထားသော ရေလဲဝတ်စုံကြောင့် လူကြီးရေချိုးထားသည်မှန်းသိလိုက်ရသည်။ ပြီးတာနဲ့ အခန်းတခုလုံးကိုဝေ့ဝဲကြည့်မိတော့ လူကြီး၏အိပ်ခန်းမဟုတ်မှန်းသိလိုက်ရသည်။
{ငါညက လူကြီးနဲ့အတူ လူကြီးရဲ့အိပ်ခန်းထဲမှာအိပ်တာသေချာပါတယ်... ဒါဆို အခုက ဘယ်နေရာကိုရောက်နေတာလဲ.. ငါ အိမ်မက်မက်နေတာလား}
YOU ARE READING
ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)
Romanceuni အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021 zgi အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021