Uni
🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤Ep 9
ကျောင်းအပ်ပြီးလို့ပြန်လာသည့်လမ်းတွင် စားသောက်ဆိုင်တခု၏အရှေ့တွင်ကားရပ်လိုက်ပြီး ဆိုင်ထဲသို့ဝင်ကာ စားစရာအချို့မှာလေ၏။
"လူကြီးမင်းတို့မှာထားတာတွေသုံးဆောင်လို့ရပါပြီခင်ဗျာ"
စားပွဲထိုးကောင်လေးက စားစရာတွေတင်ထားသောဗန်းလေးကိုင်၍ သူတို့ထိုင်သည့်ဝိုင်းသို့ရောက်လာပြီး ချိုသာသောအသံဖြင့်ပြော၍ မှာထားသည်များကိုစားပွဲပေါ်သို့ချပေး၏။
"အူကြူးလေး ဗိုက်အရမ်းဆာနေတယ်မဟုတ်လား များများစားနော်.. ထပ်မှာပေးရဦးမလား"
စားပွဲမကျိုးကျရုံတမယ် ဟင်းပွဲတွေမှအားမနာ ထပ်မှာပေးရမလားဟုပြောနေသော ခင်ပွန်းဖြစ်သူကြောင့် ရိန်း မျက်ဖြူစိုက်ချင်လာတယ်။ တဖက်ကတွေးပြန်လျှင်လည်း သူ့အပေါ်အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတတ်သောလူကြီးကြောင့် ကျေနပ်ရပြန်တယ်။ လူကြီးရေ ခင်ဗျားက ကျွန်တော့်အတွက်တော့ အဖြေရှာဖို့ခက်တဲ့ဝိရောဓိတခုပါပဲ။
"ဒီလောက်နဲ့တင်လုံလောက်ပြီမို့ လူကြီးလည်း ကူစားပေးဦးလေနော်"
ရိန်းပြောလိုက်တော့ လူကြီးက သွားထပ်တွေပေါ်အောင်ပြုံးပြီး ခေါင်းဆတ်ဆတ်ငြိမ့်ပြကာ ခရင်းနှင့်ဇွန်းကိုကိုင်၍ မှာထားသည်များကိုစတင်သုံးဆောင်လေ၏။ အနည်းငယ်နဖူးပေါ်ရှည်ကျနေတဲ့ဆံနွယ်တွေကြောင့် ရိန်း စားနေရင်းအနှောင့်အယှက်ဖြစ်လာ၏။ စပါကတီကိုငုံ့၍စားလိုက်လျှင် နဖူးပေါ်သို့ရှည်ကျနေသည့်ရွှေအိုရောင်ဆံနွယ်တွေက မျက်လုံးကိုလာ၍ထောက်နေတာကြောင့် အစားဖြောင့်အောင်မစားနိုင်ပဲ ဆံပင်ကိုလှန်တင်နေရသည်ကအလုပ်တခုဖြစ်နေ၏။
"ကျစ်! ငါ စိတ်မရှည်တော့ဘူး!"
ရိန်းတယောက် ဆံပင်တွေကိုလှန်တင်ရင်းစိတ်မရှည်စွာရေရွတ်လိုက်တယ်။ အဏ္ဏဝါဇိုင်းတယောက် အသားပြားကိုလှီးနေရင်း သူနှင့်မျက်နှာချင်းဆိုင်မှုထိုင်နေတဲ့ယောက်ျားပေါက်စကိုကြည့်လိုက်တော့ အလိုမကျစွာမျက်နှာကြီးစူပုပ်နေပြီး သူ့ရဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံနွယ်တွေကြောင့် စိတ်ရှုပ်နေဟန်တူ၏။သူလဲ အသားပြားလှီးနေတာခဏရပ်လိုက်တယ်။
YOU ARE READING
ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)
Romanceuni အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021 zgi အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021