Uni
🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤Ep 14
မွေးရပ်မြေသို့ခြေချမိသည်နှင့် အတွေးထဲဝင်လာသည်က ကလေးငယ်၏ပုံရိပ်များသာဖြစ်ပေသည်။ မိခင်နှင့်အတူမနေလိုသည်မို့ ရန်ကုန်ရောက်တာနဲ့ ခြံရံ တိုက်ခန်းဝယ်နေလိုက်သည်။ အဝတ်အစားများကိုနေရာချပြီးသည်နှင့် နီးစပ်ရာဈေးဝယ်စင်တာတခုတွင် လိုအပ်သည်များဝယ်ရင်း ကလေးငယ်၏ သတင်းကိုနားစွင့်မိ၏။ လူလွှတ်၍လည်း ကလေးငယ်နှင့်ပတ်သတ်သည့်အကြောင်းအရာများကိုစုံစမ်းခိုင်းထားသေးသည်။
"ဒီဟာကို ကျွန်တော်ယူထားတာ"
ကုန်တိုက်တွင်ဈေးဝယ်နေစဥ် ခေါက်ဆွဲတန်းဘက်သို့သွားတော့ စင်ပေါ်တွင်တဗူးတည်းသာကျန်တော့သော စပိုင်စီအနက်ရောင်ဗူးလေးထံသို့လက်လှမ်းမိချိန်တွင် ထိုဗူးပေါ်သို့ဖြူသွယ်သွယ်လက်လေးတဖက်နှင့် သူ့ရဲ့လက်တဖက် ထပ်လျှက်ကျ၏။ ထိုအချိန်အခိုက်အတန့်လေး၌ ထွက်ပေါ်လာသည့်အသံပိစိလေးကြောင့် ခေါင်းကိုအနည်းငယ်ငုံ့ကြည့်မိတော့ သူ့အား မျက်လုံးဝိုင်းကြီးတွေနှင့်မော့ကြည့်၍ပြောနေသော ကောင်လေးတယောက်ကိုတွေ့ရသည်။
"ကိုယ်အရင်တွေ့တာလေ"
သက်တံ့ညီလဲ သူ့အရှေ့မှအရပ်ရှည်ရှည် ရုပ်ချောချောနှင့်အကိုကြီး၏စကားကြောင့် ကျောပိုးအိတ်ကိုင်းကြိုးလေးကိုကိုင်ထားသောလက်လေးဟာ ပိုမိုတင်းကြပ်သွားပြီး အလိုမကျစွာမျက်မှောင်ကြုတ်မိသွား၏။
"ခင်ဗျားမြန်မာစကားနားမလည်ဘူးလား"
ခြံရံတယောက် ထိုအကောင်ပေါက်လေး၏စကားကြောင့် အနည်းငယ်ကြောင်စီစီဖြစ်သွားရ၏။ သူရော ကိုယ်ရော မြန်မာလိုပြောနေကြတာပဲမဟုတ်လား??
"ဘာလို့အဲ့လိုမေးတာလဲ"
သူမေးလိုက်တော့ ထိုကောင်လေးက မျက်ခုံးတဖက်ပင့်လျှက်သူ့အား အလိုမကျစွာကြည့်၏။ ထိုကောင်လေး၏ နုတ်ခမ်းလေးစူထော်နေပုံကိုကြည့်ခြင်းဖြင့် သူ့ရဲ့ကလေးငယ်ကို သတိရစေပြန်သည်။
"ကျွန်တော်ကလေ ဒီခေါက်ဆွဲဗူးတဗူးတည်းကျန်တော့တာသိလို့ ကျွန်တော်ယူမယ်လို့ဟိုအစ်မကိုပြောခဲ့ပြီး စာအုပ်သွားဝယ်နေတာဗျ"
YOU ARE READING
ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)
Romanceuni အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021 zgi အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021