Uni
🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤Ep 6
"လူကြီးရေ ထမင်းစားရအောင်လေ"
အေပရွန်ပန်းရောင်လေးကိုဝတ်ထားတဲ့ယောက်ျားပေါက်စက ဧည့်ခန်းထဲကSofaပေါ်မှာထိုင်ရင်း အတွင်းရေးမှူးကိုမင်းနဲ့အလုပ်ကိစ္စဆွေးနွေးနေတဲ့ သူ့ကို ထမင်းစာရန်လာခေါ်၏။
"ဟုတ်ကဲ့ပါဗျ... ကိုမင်း ငါတို့နဲ့အတူတခါတည်းထမင်းဝင်စားလိုက်ပါလား"
အဏ္ဏဝါဇိုင်းရဲစကားကြောင့် ကိုမင်း ပျော်သွားတယ်။ သူလဲဗိုက်စာနေသည်ကိုး.. သိုပေမယ့် သူ့ရဲ့ပျော်နေတဲ့စိတ်လေးက စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားတယ်။ထမင်းအတူစားဖို့ခေါ်တဲ့သူဌေးရဲ့မျက်နှာထားက.. ငြင်းရမယ်ဆိုတဲ့မျက်နှာမျိုးဖြစ်နေ၏။ ထို့ကြောင့် ဆာနေတဲ့ဗိုက်လေးကို လက်တဖက်နဲ့မသိမသာပွတ်ရင်း ဖြေသိမ့်လိုက်ရတယ်။
"မစားတော့ပါဘူးBossရဲ့.. ကျွန်တော်လုပ်စရာလေးရှိသေးလို့ပါ အဟင်းး"
သူထိုသို့ဖြေလိုက်တော့မှ သူဌေးဖြစ်သူက စိတ်ကျေနပ်သွားဟန်ရှိတယ်။ Sofaပေါ်တွင်ထိုင်နေမှ သူ့ယောက်ျားရဲ့ခါးကိုလှမ်းဖက်ရင်း ...
"ကောင်းပြီလေ.. ငါခေါ်ကျွေးတယ်နော် မင်းဟာမင်းမစားတာ"
"အမ်! အော် ဟုတ်တာပေါ့.. ဟုတ်တာပေါ့ ကျွန်တော်ဗိုက်မဆာသေးလို့ပါ အဟင်း..ဟင်း"
"ဂွီ! ဂွမ်!"
လိမ်ပြောနေတဲ့ကြားက အချိန်ကောင်းရောက်လျှင် သစ္စာဖောက်တဲ့ဗိုက်က ထအော်တယ်။ သူဌေးထံမှ ပြာကျလောက်သည့်အကြည့်စူးစူးက ကိုမင်းထံသို့ ဒိုင်းကနဲ့ကျရောက်လာတယ်။ ကိုမင်းလဲ ရိန်းကိုအရှက်ပြေရယ်ပြရင်း သူဌေးရဲ့မျက်လုံးတွေနဲ့အကြည့်မစုံမိအောင်ရှောင်ရှားနေမိ၏။
"ဘာဖြစ်လို့လဲ ဦးလေးကိုမင်းရဲ့... ကျွန်တော်တို့နဲ့အတူဝင်စားလိုက်လေ"
သူဌေးရဲ့ခင်ပွန်းကခေါ်နေတော့မို့ ကိုမင်းလဲ ထမင်းအတူစားရန်ဆုံးဖြတ်ချက်ချလိုက်တယ်။
"ဒါဆိုလဲ..."
"ဘာဒါဆိုလဲလည်း? ခုဏပြောတော့မင်းပဲဗိုက်မဆာဘူးဆို ရော့ ဆိုင်မှာသွားစား"
YOU ARE READING
ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)
Romanceuni အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021 zgi အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021