Ep 7🍓

12.6K 736 14
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 7

မနက်စောစောလေယာဥ်နှင့် အဏ္ဏဝါဇိုင်းတို့် ရန်ကုန်သို့ပြန်လိုက်ပါလာကြ၏။ မင်္ဂလာပွဲကိစ္စကြောင့် အလုပ်တွေကိုပစ်ထားမိသည်မှာလဲ ရက်အနည်းငယ် ကြာလေပြီဖြစ်သည်။ အိမ်ပြန်ရောက်သည်နှင့် ယောက်ျားပေါက်စက ခရီးပန်းနေသည်ဆိုကာ အပေါ်တက်၍ အိပ်နေလေသည်...။ သူကတော့ အတွင်းရေးမှူးကိုမင်းနှင့် ဧည့်ခန်းတွင်ထိုင်ကာ အလုပ်ကိစ္စဆွေးနွေးတိုင်ပင်နေမိသည်။

"ငါနောက်နေ့ကစပြီး ကုမ္ပဏီတက်တော့မယ်"

"ဟုတ်ကဲ့ပါBoss.. အားလုံးအဆင်ပြေအောင် ကျွန်တော်စီစဥ်ထားလိုက်ပါ့မယ်... ဒါက flying ကုမ္ပဏီရဲ့ ဒီလ လချုပ်စာရင်းတွေပါBoss"

အဏ္ဏဝါဇိုင်းလဲ ကိုမင်း ကမ်းပေးသောလချုပ်စာရင်းဖိုင်ကိုယူ၍ တရွက်ချင်းလှန်ကာစစ်ဆေးလိုက်တယ်။

"ဒီစာရင်းထဲမှာ ငွေသိန်းခြောက်ရာလိုနေတယ်  ကိုမင်း ဒါဘယ်လိုဖြစ်ရတာလဲ"

"ကျွန်တော်လဲအဲ့တာကိုအဖြေရှာနေတာပါBoss.. ဒီစာရင်းတွေက Flyingကုမ္ပဏီမန်နေဂျာက ကျွန်တော့ဆီကိုပို့ပေးတာပါ"

အဏ္ဏဝါဇိုင်းတချက်တွေးတောလိုက်တယ်။ ကုမ္ပဏီများစွာကိုသူတယောက်တည်းဦးစီးဦးဆောင်လောက်ခဲ့တာ ဆယ်စုနှစ်တခုစာရှိပြီဖြစ်၏။ သို့သော် ယခုကဲ့သို့သော လိုအပ်ချက် လွဲချော်မှုများမရှိပေ။ ဒါဟာFlyingကုမ္ပဏီရဲ့မန်နေဂျာက ကုမ္ပဏီရဲ့ငွေတွေကို အလွဲသုံးစားလုပ်ထားတာဖြစ်ပေလိမ့်မည်။ ထို့နောက် သူ့အရှေ့မှာထိုင်ပြီးတစုံတခုကိုတွေးတောနေဟန်ရှိသော ကိုမင်းထံသို့ကြည့်လိုက်ပြီး...

"မင်းရော ငါတွေးသလိုတွေးနေတယ်မဟုတ်လား ကိုမင်း"

သူထိုသို့မေးလိုက်တော့ ကိုမင်းက သက်ပြင်းချကာ ခေါင်းငြိမ့်ပြ၏။

"ဟုတ်တယ်Boss... ကုမ္ပဏီရဲ့ငွေတွေကိုသူထုတ်သုံးထားပြီး စာရင်းကိုင်ကိုလာဒ်ထိုးမှုတခုခုတော့သူလုပ်လိမ့်မယ်... ဒါပေမယ့် စာရင်းကိုင်က ကျွန်တော်တို့ရဲ့လူယုံတော်ဖြစ်နေတော့ သူယုံအောင်စာရင်းလိမ်ပေးမယ်ပြောပြီး တကယ့်လက်တွေ့မှာစာရင်းအမှန်ကိုထည့်လိုက်တာဖြစ်မယ်Boss"

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now