Ep 13🍓

10.5K 556 6
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 13

ဂေဟာဆောက်သည့်နေရာတွင် ကိုယ်တိုင်ကိုယ်ကျစီမံခန့်ခွဲရေးလုပ်နေတာမို့ အဏ္ဏဝါဇိုင်းတယောက် မအားမလပ်ဖြစ်နေ၏။ မနက်မိုးလင်းတည်းက ယောက်ျားပေါက်စလေးမနိုးခင် ဆိုက်ထဲကိုလာရသည့်အတွက် ကလေးငယ်အား သူအရမ်းလွမ်းနေပြီဖြစ်၏။  ယနေ့ဟာ ကလေးငယ်၏ ကျောင်းပိတ်ရက်မို့အိပ်ယာနိုးဦးမည်မထင်။

"လွမ်းလိုက်တာ အူကြူးလေးရယ်... ဖုန်းဆက်လိုက်ရင်ကောင်းမလား"

တကိုယ်တည်းကြားနိုင်ရန်ရေရွတ်ပြီး ဘောင်းဘီအိပ်ထောင်ထဲမှဖုန်းကိုထုတ်၍ "My beloved"ဟု မှတ်ထားသော ဖုန်းနံပါတ်လေးအား နှိပ်မည်ပြင်ပြီးမှ ယောက်ျားပေါက်စလေးမနိုးသေးရင်ဟုတွေးကာ ဖုန်းမခေါ်ပဲ ဖုန်းစက်ခရင်ကိုသာ ငေးကြည့်နေမိသည်။

"လူကြီး!!"

ရုတ်တရက် သူ့ရဲ့အနောက်အပါးဆီမှ ယောက်ျားပေါက်စ၏ခေါ်သံကိုကြားတော့ မတ်တပ်ရပ်နေရာမှ အနောက်သို့အမြန်လှည့်ကြည့်လိုက်တယ်။ ပန်းရောင်ရှပ်အင်္ကျီလေးကို ပေါင်အထိသာရှိသော ပုခုံးကြိုးသိုင်း ပန်းရောင်လေးဘောင်းဘီအတိုလေးနှင့်တွဲဖက်ဝတ်ဆင်ကာ ဇာအနားကွပ်ထားသောပန်းရောင်ဦးထုပ်ကားကားလေးကိုစောင်းပြီး လက်ထဲတွင်လည်း ထမင်းချိုင့်ထည့်ထားသောလက်ဆွဲခြင်းလေးကိုကိုင်၍ သူ့အားပြုံးလျှက်ကြည့်နေသော ယောက်ျားပေါက်စကိုတွေ့တော့ အဏ္ဏဝါဇိုင်းတယောက် အလွန်အံ့ဩသွားရသည်။ ထို့နောက် ယောက်ျားပေါက်အစ၏ အနားသို့အမြန်လျှောက်သွားလိုက်၏။

"အူကြူးလေး ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ကလေးငယ်၏လက်ထဲတွင်ကိုင်ထာသော ဆွဲခြင်းလေးကို လက်လွှဲယူ၍ ယောက်ျားပေါက်စ၏ခါးလေးကိုဖက်ကာ ဆောက်လုပ်ရေးအလုပ်သမားတွေက သူအနားယူရန်အတွက်ထီးအရိပ်မိုးကာပြင်ဆင်ပေးထားသော ခုံတန်းလေးဆီသို့လျှောက်လာရင်းမေးလိုက်၏။

"လူကြီးစားဖို့ထမင်းဗူးလာပို့တာလေ"

ယောက်ျားပေါက်စက ပြောလည်းပြောရင်းဆွဲခြင်းထဲမှသုံးဆင့်ချိုင့်လေးကိုထုတ်ကာ ခုံပေါ်တွင် လက်ကိုင်ပုဝါလေးခင်းလိုက်လိုက်သည်။ ထိုပုဝါပေါ်သို့ ချိုင့်အံလေးကိုဖွင့်၍တင်လိုက်ပြီး သူစားရန်အတွက်ဇွန်းပါအဆင်သင့်တပ်ပေး၏။

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now