🍓final🍓

18.1K 704 16
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤

ဇာတ်သိမ်းပိုင်း

ဂျပန်ကိုရောက်နေစဥ်အတွင်း ဂျပန်နိုင်ငံ၏ အထင်ကရမြို့တွေနှင့် နာမည်ကြီးစားသောက်ဆိုင်တွေပါမကျန် ခင်ပွန်းဖြစ်သူ၏လက်ကိုတွဲလျှက် မရီးဖြစ်သူခေါ်ဆောင်ရာသို့ ရိန်း မမောနိုင်မပန်းနိုင်လျှောက်လည်ဖြစ်သည်။

"ဒီဆိုင်မှာရောင်းတဲ့ ဆူရှီကအရမ်းစားလို့ကောင်းတာပဲ"

လူကြီးခွံ့ကျွေးတဲ့ဆူရှီလိပ်ကိုတမြုံမြုံဝါးရင်း သူ လက်မလေးထောင်လျှက် ချီးမွမ်းခန်းဖွင့်လိုက်တယ်။ တကယ်လည်း ဆူရှီက စားကောင်းလွန်းသည်ကိုး။

"အူကြူးလေး ကြိုက်တယ်ဆိုရင်ပဲ ကိုယ်ကျေနပ်ပါပြီဗျာ"

ယောက်ျားပေါက်စလေးရဲ့နုတ်ခမ်းမှာပေနေသည်ကို လက်မနဲ့ဖိသုတ်ပေးရင်း ဇိုင်းပြောလိုက်တယ်။ အပိုလက်ဆောင်အဖြစ် ယောက်ျားပေါက်စလေးရဲ့နုတ်ခမ်းပိစိလေးကိုလည်း နမ်းလိုက်သေးတယ်။

"ဟဲ့ အရှေ့မှာငါတစ်ယောက်လုံးထိုင်နေတယ်ဆိုတာလည်း သတိရကြပါဦး"

တူနှစ်ချောင်းရဲ့ထိပ်ကို သွားဖြင့်ခပ်ဖွဖွကိုက်ရင်း မိုးမမြင်လေမမြင်ပျော်မြူးနေတဲ့ အရှေ့ကအတွဲကို ဟန်နာဇိုင်း ငိုသံပါကြီးနဲ့ပြောလိုက်တယ်။

"လူကြီး.. မမရဲ့အသံကိုကြားမိသလိုပဲနော်"

"ဟုတ်ပါရဲ့... ဘယ်နားမှာပါလိမ့်"

ကြည့်! လင်လင်နှစ်ယောက် သူမကိုမြင်နေရက်နဲ့ မမြင်ဟန်ဆောင်ပြီး အရွဲ့တိုက်နေကြတာ။ ဟန်နာဇိုင်း ရင်ထဲမှာမျက်ရည်တွေဗူးသီးလုံးလောက်ကျနေပြီ။ rsတွေကောင်းကိုမကောင်းဘူး။

"အေး မမြင်နေလိုက်ကြ... ငါသွားတော့မယ်"

တူကိုခုံပေါ်ပစ်ချပြီးထိုင်နေရာမှထထွက်သွားဟန်ပြုမှ လင်လင်နှစ်ယောက်လုံး သူမကိုအတင်းဆွဲထားကြတယ်..... လို့ ထင်နေလား။ မဆွဲထားပါဘူး။

"သူ့ဟာသူ သွားချင်ရာသွားပါစေ.. ကိုယ်နဲ့အူကြူးလေးပိုပြီးလွတိလပ်တာပေါ့"

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now