🍓Ep 19🍓

10.8K 529 13
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 19

ကိစ္စအားလုံးပြီးပြတ်သွားသည်နှင့် နေ့ရက်တွေဟာပုံမှန်လိုပဲအမြဲလည်ပတ်နေ၏။ အခုဆိုရင် ခြံရံနှင့်သက်တံ့ညီဟာ လက်ထပ်ပြီးစီးသွားပြီဖြစ်၏။ ရိန်းကတော​့ သူ့ရဲ့ခင်ပွန်းအပေါ်အရင်လိုချွဲလို့ကောင်းဆဲပင်။

ကလေးငယ်၏မိခင်ဟာ သူ့ရဲ့အချစ်ဦးဖြစ်ခဲ့တယ်ဆိုတာ ယောက်ျားပေါက်စလေးကို ဘယ်သောအခါမှသူဖွင့်ပြောမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘာမဟုတ်တဲ့အကြောင်းနဲ့ သူ့ရဲ့ယောက်ျားပေါက်စလေးကို သူမည်သို့မျှစိတ်မညစ်စေလိုပါ။ ထို့ကြောင့် ဒီအကြောင်းကိုအခုရော နောင်ရော သူထုတ်ပြောမဟုတ်ပေ။

နေရောင်ခြည်တိုးဖျဖျထိုးကျနေသော ပန်းရောင်နှစ်ယောက်အိပ်ကုတင်ကြီးပေါ်တွင် စောင်ပုံထဲနစ်မြုပ်နေတဲ့ယောက်ျားပေါက်စလေးကို ဇိုင်း နှိုးရလေသည်။

"အူကြူးလေး နေမြင့်နေပြီကလေးလေးရဲ့ အိပ်ယာထတော့နော်"

ယောက်ျားပေါက်စရဲ့နုတ်ခမ်းသားနုထွေးထွေးကိုငုံခဲ့လိုက်တော့ ကလေးငယ်၏လက်နှစ်ဖက်က သူ့လည်တိုင်သို့ချိတ်တွယ်လာကာ အနမ်းတွေကိုတုန့်ပြန်လာ၏။

"လူကြီး "

လှဲအိပ်နေရာမှထ၍ ခင်ပွန်းဖြစ်သူ၏ရင်ခွင်ကျယ်ကြီးထဲသို့ မျက်နှာလေးအပ်ရင်း ခပ်ချွဲချွဲခေါ်လိုက်တော့ လူကြီးက ရိန်း၏ခေါင်းထက်မှရွှေအိုရောင်ဆံနွယ်ပျော့ပျော့လေးကို ခပ်ဖွဖွနမ်းရှိုက်ရင်း ပြန်ထူးလေ၏။

"ဗျာ... အူကြူးလေး ဘာလိုချင်လို့လဲ"

ရိန်းလဲ လူကြီး၏ ယောက်ျားပီသသောမျက်နှာချောချောကို  ခရမ်းဖျော့ရောင်မျက်ဝန်းရွှဲကြီးတွေနဲ့ လူကြီး၏ရင်ခွင်ထဲမှနေ၍ မော့ကြည့်လိုက်၏။

"အူကြူးလေ ဂျပန်ကဆူရှီစားချင်လို့သိလား"

ဆူရှီတောင် ဂျပန်ကတဲ့။ ယောက်ျားပေါက်စလေးရဲ့စကားထဲတွင် အပြီးအစီးပါပြီးသားမို့ ဘာပြောကောင်းမလဲ။ ယောက်ျားပေါက်စလေးအလိုကျ ဂျပန်ကိုသွားကြတာပေါ့။

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now