Ep 2🍓

22.4K 1.2K 79
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 2

ရိန်းတယောက် အဒေါ်ကြီးခေါ်ဆောင်ရာသို့ အနောက်မှ ထပ်ကြပ်မကွာလိုက်လာမိတယ်။ လှေကားထစ်များစွာကိုကျော်ဖြတ်လာပြီးနောက်မှာ သူခြေထောက်တွေညောင်းလာတယ်။ ထို့နောက် ညောင်းကိုက်နေတဲ့ခြေထောက်ရဲ့ပေါင်အရင်းနားလေးကို လက်သီးဆုပ်လေးနဲ့ခပ်ဖွဖွထုရင်း သက်သာလိုသက်သာငြား ဖြေသိမ့်နေမိ၏။

{ဘာလို့ဒီလောက်အထပ်တွေအများကြီးဆောက်ထားရတာလဲ မကောင်းတဲ့လူကြီးရဲ့.. ငါ့ခြေ ထောက်တွေညောင်းလာပြီ အူးဝါးး}

စိတ်ထဲကနေ အဏ္ဏဝါဇိုင်းရိုမေတ္တာတွေပို့ရင်း အလိုမကျစွာဖြင့် နုတ်ခမ်းလေးစူထော်လျှက်သာ အဒေါ်ကြီးခေါ်ဆောက်ရာကိုလိုက်လာမိသည်။ ကံကောင်းချင်တော့ အပေါ်ဆုံးအထပ်ရှိအခန်းတခန်း၏အရှေ့ရောက်တော့ အဒေါ်ကြီးကခြေလှမ်းတွေရပ်သွားတယ်။ ရိန်းတယောက် အောက်သို့ခေါင်းငုံ့၍လျှောက်နေရာမှ အဒေါ်ကြီးရဲ့ကျောပြင်ကိုမမြင်ပဲ သူ့ရဲ့နဖူးနဲ့ဝင်တိုက်မိ၏။

"ဒုတ်! အ့!"

နာကျင်သွားတဲ့သူ့နဖူးကိုပွတ်ရင်း ရိန်းအော်လိုက်မိတယ်။ အဒေါ်ကြီးက သူမ အမှားလုပ်မိသည်အလား ထိတ်ထိတ်ပြာပြာဖြင့်ရိန်းကိုတောင်းပန်လေ၏။

"အကိုလေး အဆင်ပြေရဲ့လား ဒေါ်ကြီးတောင်ပန်ပါတယ်"

"ဟီး ရပါတယ်ဒေါ်ကြီးရဲ့ ကျွန်တော်ဘက်က မမြင်လို့ဝင်တိုက်မိတာပါ"

ရိန်းကရယ်ပြရင်းပြောလိုက်တော့ မကြူရဲ့ရင်ဘတ်ကို မြှားတစင်းဝင်စိုက်သွားတယ်။ မကြူတယောက် သူမကိုရယ်ပြနေသော ကောင်းလေးကိုကြည့်ရင်း အသည်းယားနေမိသည်။

{အားးး ချစ်ဖို့ကောင်းလိုက်တာ။ ဒါ့ကြောင့် ငါတို့သူဌေးရဲ့ယောက်ျားဖြစ်လာရတာပေါ့။}

ရိန်းတယောက် သူ့ကိုကြည့်ရင်း သွားရည်တမြမြကျနေတဲ့အဒေါ်ကြီးကြောင့်ကြက်သီးပင်ထသွား၏။

{ဧကန်ဏ ဒီအဒေါ်ကြီးက ဝက်ရူးပျံရောဂါများစွဲကပ်နေတာလား}

ပေါက်ရမတွေးရလျှင် ရိန်းဘယ်ပီသတော့မလဲ။ရိန်းတယောက် လက်သီးနှစ်ဖက်ဆုပ်ကာ ပေါင်ရင်းနားတွင်ကပ်ထားလိုက်ပြီး သတိဆွဲအနေထားဖြင့်တောင့်တောင့်ကြီးရပ်နေမိ၏။ ကြောက်နေရမယ့်အချိန်မဟုတ်ဖူး။ မကြောက်နဲ့။ မကြောက်နဲ့။ ခြေထောက်ညောင်းလွန်းသဖြင့် သူအနားယူချင်နေပြီဖြစ်သည်။ထို့ကြောင့် သူ့အရှေ့မှအဒေါ်ကြီးအား မရဲတရဲလေးခေါ်လိုက်မိသည်။

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Donde viven las historias. Descúbrelo ahora