🍓Ep 18🍓

9.7K 506 2
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 18

ယနေ့တွင် ရိန်းသည် မရီးဖြစ်သူနှင့်အပြင်ထွက်လည်ခြင်းဖြစ်၏။ လွတ်လပ်စွာလျှောက်လည်ချင်သည်ဟူသော ယောက်ျားပေါက်စလေး၏စကားကြောင့် ဇိုင်းလဲ သက်တော်စောင့်တွေကို အနောက်မှမလိုက်ခိုင်းခြင်းဖြစ်သည်။ BMWကားအပြာရောင်လေးသည် Super oneကုန်တိုက်၏ကားပါကင်တွင် ကျွမ်းကျင်စွာနေရာယူပြီးသည်နှင့် ရိန်းနဲ့ဟန်နာဇိုင်းလည်း ကုန်တိုက်ထဲသို့ဝင်လာခဲ့ကြသည်။

"ဒီအင်္ကျီလေးက ရိန်းလေးနဲ့ဆိုသိပ်ကြည့်ကောင်းမှာပဲ သွားဝတ်ကြည့်ပါလား"

အင်္ကျီရဲ့ဈေးတံဆိပ်ကိုကြည့်မိတော့ တစ်အထည်တည်းတင်သိန်းလေးဆယ်ရှိ၏။ ကုန်တိုက်ကိုစရောက်တည်းကာ မရီးဖြစ်သူက ရိန်းအတွက်ဟုဆို၍ စုံစိနေအောင်ဝယ်ပေးထားသည်မှာလည်း ရိန်း၏ လက်နှစ်ဖက်တွင် အထုပ်ပေါင်းစုံပြည့်သိပ်နေ၏။ ဦးဇိုင်းနှင့်မောင်နှမတော်ထားသည်မှာ လိုက်ဖက်လွန်းသည်ဟု စိတ်ပျက်စွာအတွေးဝင်မိသေးသည်။

"မမ ကျွန်တော့်အတွက်ဝယ်ပေးတာအရမ်းများနေပြီထင်တယ်နော် ဟီး"

ခင်ပွန်းဖြစ်သူက သုံးချင်ရာသုံးဖို့ပေးလိုက်တဲ့Goldကဒ်ဟာလည်း ယခုအချိန်ထိပိုက်ဆံအိတ်ကမထုတ်ရသေး။ မရီးဖြစ်သူကပဲဝယ်ပေးနေတာကြောင့် အနည်းငယ်အားနာရသည်။

ဟန်နာဇိုင်းတယောက် သူမကိုအားနာနေဟန်ပြောနေသော မတ်လေးကို အသည်းယားစွာဖြင့် ထိုကလေး၏ခေါင်းမှ ရွှေအိုရောင်ဆံနွယ်လေးအား လက်ဖြင့်ဖွရင်းပြုံးလိုက်၏။ ဒီကလေးလေးက တကယ်ချစ်မွှေးလေး။ အချစ်ခံလေးမဟုတ်လား။

"မမ ဂျပန်မပြန်ခင်လေးဝယ်ပေးရတာကို ရိန်းလေးက ငြိုငြင်တာလား"

မကျတဲ့မျက်ရည်ကိုညှစ်ထုတ်ကာ ဝမ်းနည်းသွားဟန်မျက်နှာအမူအရာကိုလုပ်ပြလိုက်တော့ ရိန်း စိတ်မကောင်းဖြစ်သွားရသည်။

{အင်းလေ.. သူမက ငါ့ကိုမောင်လေးတစ်ယောက်လိုချစ်လို့ဝယ်ပေးတာပဲ.. သူမ စိတ်ချမ်းသာအောင်နေပေးလိုက်ပါ့မယ်လေ}

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now