Ep 10🍓

11.5K 625 9
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 10

*တီတီ.. တီတီ... တီတီ*

အဆက်မပြတ်မြည်နေသောနာရီနှိုးစက်သံလေးကြောင့် အဏ္ဏဝါဇိုင်းတယောက် အိပ်နေရာမှလန့်နိုးသွားသည်။ လက်မောင်းတဖက်၏ထုံကျင်ကိုက်ခဲမှုကြောင့် ရင်ခွင်ထဲမှအကောင်ပေါက်လေးကိုကြည့်လိုက်တော့ သူ့လက်မောင်းကိုခေါင်းအုံးသဖွယ်အသုံးပြုကာ နှစ်ခြိုက်စွာအိပ်စက်နေလေသည်။

မနက်မိုးလင်းမျက်လုံးဖွင့်တာနှင့်ချစ်ရသူ၏ မျက်နှာလေးကိုငေးကြည့်၍ အိပ်ယာထခွင့်ရတဲ့မနက်တိုင်းဟာ အလိုအလျှောက်စိတ်အစုံကိုကြည်နူးစေနိုင်သည်။ အိပ်နေတဲ့ပုံလေးဟာအပြစ်ကင်းစင်လွန်းတာကြောင့် တစိမ့်စိမ့်ကြည့်ချင်ပါသော်လည်း ဒီနေ့ဟာ ယောက်ျားပေါက်စလေး ကျောင်းစတက်ရမည့်နေဖြစ်တာကြောင့် ကလေးငယ်ကိုမနှိုးချင်ပေမယ့် နှိုးရပေဦးမည်။

"အူကြူးလေးရေ... ကလေးလေး"

ယောက်ျားပေါက်စရဲ့ပါးဖောင်းဖောင်းလေးကို လက်ဖဝါးတဖက်ဖြင့်အသာယာထိတွေ့ရင်းနှိုးလိုက်တော့ ကလေးငယ်ဟာ အလိုမကျစွာမျက်ခုံးလေးတွန့်းကျိုးလာ၏။

"အင်း... ဟင့်"

အလိုမကျမှုတို့ကြောင့် နုတ်ခမ်းမပွင့်ပဲ အသံသေးသေးလေး ညည်းညူလျှက် သူနှင့်မျက်နှာချင်းဆိုင်အိပ်နေရာမှ အခြားတဖက်သို့လှည့်သွားပြီးဆက်၍အိပ်နေလေ၏။ အဏ္ဏဝါဇိုင်းတယောက် ယောက်ျားပေါက်စ၏အပြုအမူကိုကြည့်ရင်း သဘောကျစွာပြုံးမိသည်။

ထို့နောက် သူ့ကိုကျောပေးလျှက်အိပ်နေသော ကလေး၏မျက်နှာလေးကို အနောက်တွင် ဘေးတစောင်းအိပ်နေရာမှ ခန္ဓာကိုယ်အနည်းငယ်ကိုင်း၍ မြင်တွေ့နေရသော သွေးကြောစိမ်းလေးတွေထင်ရှားနေသည့် ပါးပြင်ဖြူဖြူမို့မို့လေးသို့ ခပ်ဖွဖွငုံခဲလိုက်သည်။

"အူကြူးလေးရေ အိပ်ယာထတော့နော်... ဒီနေ့ကျောင်းတ​က်ရမယ်လေ ကလေးလေးရဲ့"

သူ့ရဲ့စကားအဆုံး ကလေးငယ်ဟာ အိပ်နေရာမှငေါက်ခနဲ့ထထိုင်လိုက်တာကြောင့် သူပင်အနည်းငယ်လန့်သွားသလိုရှိကာ မျက်နှာကိုအနောက်ဘက်သို့အနည်းငယ်တိမ်းရှောင်းလိုက်မိသည်။

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now