Uni
🖤 ဦးရဲ့တရားဝင်သတို့သား🖤
(Or)
🖤 Sugar Daddy 🖤Ep 4
မင်္ဂလာပွဲပြီးသွားသည်နှင့် အဏ္ဏဝါဇိုင်းနဲ့ရိန်းလဲ ဟိုတယ်သို့ပြန်လာကြသည်။ ဟိုတယ်အရှေ့တွင်ကားရပ်ပြီးသည်နှင့် လူကြီးက ကားပေါ်မှအရင်ဆင်း၍ ရိန်းထိုင်သည့်ဘက်အခြမ်းမှ ကားတံခါးကိုလာဖွင့်ပေးသည်။ ပြီးနောက်မှာတော့ ကားပေါ်မှဆင်းရန်ပြင်နေသော ရိန်း၏ခန္ဓာကိုယ်လေးကို လူကြီးက သူနှင့်မျက်နှာချင်းဆိုင်အနေထားဖြင့်ပွေ့ချီ၏။
ဘာလိုလိုနဲ့လူကြီးနဲ့သူဟာ တရားဝင်အကြင်လင်လင်အရာသို့ရောက်ရှိခဲ့ပြီဖြစ်၏။ ရိန်း အရမ်းစိတ်လှုပ်ရှားနေသည်။ လူကြီးက ရိန်း၏ခန္ဓာကိုယ်လေးကိုပွေ့ချီလျက်ပင် ဟိုတယ်ထဲသို့ဝင်လာ၏။ ဟိုတယ်ကောင်တာတွင်ရှိသော ဝန်ထမ်းမိန်းကလေးများဟာ ရိန်းကို အားကျသလိုမျက်ဝန်းများဖြင့်ကြည့်နေ၏။ ရိန်းလဲ ရှက်နေသဖြင့်မည်သူ့ကိုမျှကြည့်မနေပဲ လူကြီး၏ရင်ခွင်ကျယ်ကြီးထဲတွင်သာ မျက်နှာကိုကွယ်ဝှက်နေမိသည်။
သူတို့တည်းခိုသည့်အခန်းသို့ရောက်တော့ လူကြီးက သူ့အားလက်တဖက်တည်းဖြင့်ထိန်းချီလျက် ကျန်လက်တဖက်က အခန်းတံခါးpasswordကိုနှိပ်နေ၏။ အခန်းတံခါးပွင့်သွားသည်နှင့် အဏ္ဏဝါဇိုင်းလဲ ကလေးငယ်၏ခန္ဓာကိုယ်လေးကို ကုတင်ပေါ်သို့ဖြည်းညှင်စွာချပေးလိုက်လေသည်။
"ကိုယ့်ရဲ့အူကြူးလေး ပင်ပန်းနေပြီလား"
ကုတင်ဘေးစောင်းတွင်ထိုင်နေသော ကလေး၏အရှေ့တွင် ကျွန်တော်လဲ ကြမ်းပြင်ပေါ်သို့မုဆိုးဒူးထောက်ထိုင်ရင်း ပေါင်ပေါ်တင်ထားတဲ့ကလေး၏လက်ဖဝါးလေးနှစ်ဖက်ကို ကျွန်တော်လက်တွေနှင့်အုပ်ကိုင်လျှက် ကလေးငယ်ရဲ့ ခရမ်းဖျော့ရောင်မျက်လေးကိုအကြည့်စုံရင်းမေးလိုက်၏။
"ပင်ပန်းတယ်ဆိုတာထက် ကျွန်တော်စိတ်လှုပ်ရှားနေတုန်းပဲ... အခုထိအိမ်မက်လို့တောင်ထင်နေမိတာ"
ရိန်းလဲ လူကြီး၏လက်ဖြင့်ဆုပ်ကိုင်ခံထားရသော သူ့လက်နှစ်ဖက်ကို ရုန်းထွက်လိုက်ပြီး လူကြီး၏ပါးနှစ်ဖက် ကျွန်တော့်ရဲ့လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်၍ပြန်ဖြေလိုက်မိသည်။ လူကြီးရဲ့ စွန်ရဲတကောင်လိုအကြည့်စူးစူးတွေကို ကြာရှည်စွာစိုက်မကြည့်နိုင်ပဲ သူ မျက်နှာလွှဲမိသည်။
YOU ARE READING
ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)
Romanceuni အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021 zgi အူကြူးလိုချင်တာပြော ချက်ချင်းရစေရမယ်။ #အဏ္ဏဝါဇိုင်း(ဦးဇိုင်း) Start date- August 11.2021