_2_We're adopted cats by Grandma.

2.1K 141 3
                                    

သူတို့သုံးယောက်ဟာ အမေကြီးကောက်ယူမွေးစားခဲ့တဲ့ အိမ်ခြေရာမဲ့ ကြောင်ပါက်ကလေး သုံးကောင်လိုမျိုးပါပဲ...

မင်းထက်မြတ်.... မင်းသက်မှူး....အလိမ္မာ... ဆိုတဲ့သူတို့သုံးယောက်ကို အမေကြီးက နွေးထွေးကြင်နာမှုနည်းနည်း... စည်းကမ်းတင်းကြပ်မှုများများ.... နဲ့ ပြုစုပျိုးထောင်ခဲ့ပါတယ်။

သူတို့ညီအကိုမှာ အမေကြီးနဲ့မသက်ဆိုင်ပဲ မိဘတွေထားရစ်ခဲ့တဲ့ အမွေ... အိမ် နဲ့ လုပ်ငန်းတွေ ရှိပါသေးတယ်။ ဒါပေမယ့် ထိန်းသိမ်းတတ်ဖို့ ငယ်ရွယ်လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေကြီးက ကိုယ်စားလှယ်တွေကို လွှဲပေးထားကာ သူတို့ကို​တော့ သူ့မျက်စိ​ေအာက်မှာပဲ နေစေခဲ့တာပေါ့။

" ငါ့သားတုန်းက ကမ်းကုန်အောင် အလိုလိုက်ခဲ့မိလို့.... ဆုံးရှုံးခဲ့ရတာမို့.... နင်တို့ဘဝကို ကောင်းကောင်းမွန်မွန်နေရဖို့ ငါစည်းကမ်းနဲ့ ထားသလို နေနိုင်အာင် နေကြ.... " တဲ့။

သူတို့ညီအကိုက မိဘတွေဆီမှာ ဆိုးချင်တိုင်းဆိုး ချွဲချင်တိုင်းချွဲလာကြတဲ့သူတွေမို့... ဒီအိမ်ကြီးမှာ သူတို့ မပျော်ခဲ့ကြပါ။ ငယ်ရွယ်တုန်းကဆို မင်းသက်မှူးက အိမ်ပြန်မယ်ဆိုပြီး ညတိုင်း အကို့ဘေးမှာ တရှုံ့ရှုံ့ငိုရင်း အမြဲအိပ်ပျော်သွားခဲ့ရတာ။

အဲ့ဒီလို အားငယ်တတ်တဲ့ကောင်လေးဘေးမှာ အလိမ္မာက တစ်ချိန်လုံးဘေးမှာ ရှိနေပေးခဲ့တာ။ သန်မာလာတဲ့အချိန်ထိ....

အလိမ္မာက သူတို့ထက်အရင် ၄နှစ်သမီးလောက်ကတည်းက အမေကြီးဆီကို ရောက်နှင့်ခဲ့တဲ့သူမို့ အမေကြီး စိတ်တိုင်းကျ ပုံသွင်းထားခဲ့တဲ့ ကောင်မလေးတစ်ယောက်မို့... အဲ့ဒီတုန်းက သူတို့သုံးယောက်မှာ အလိမ္မာက အမေကြီးရဲ့စည်းကမ်းတွေကို ခံနိုင်ရည်အရှိဆုံး အသန်မာဆုံး မိန်းကလေး တစ်ယောက် ဖြစ်ခဲ့တာ။
.
.

" ပိုင်ပိုင်..... ဒီဘက်အခြမ်းက မြက်တွေ​ပြီးအောင် နှုတ်လေ.... "

" နှုတ်နေတာပဲ.... ကျနော့လက်တွေကို ကြည့်.... ရဲတွတ်နေပြီ.... ခြေထောက်တွေကိုလည်း မြက်တွေရှလို့ စပ်နေပြီ... "

Forever HomeWhere stories live. Discover now