_17_A little thing called love.

1.6K 111 10
                                    

" အဖွားကြီးက ခြေလှမ်းသွက်တယ်... ငါတို့က စမလို့ရှိသေးတယ်... သူက ကလေးကို သူ့အပိုင်လုပ်ပစ်လိုက်ပြီ "

" စိတ်မပူပါနဲ့။ ငါတို့ကလေးကို ရအောင် ပြန်ခေါ်မှာ "

" အဲ့လောက်မလွယ်ဘူးလေ.... နန်း။ အဲ့ဒီကလေးနဲ့ လက်ထပ်ထားတာ... စွန်ပစ်ခံ ပင်မမိသားစုရဲ့ မျိုးဆက်"

" အဲ့ဒါကြောင့်.... ပိုပြီး ပြန်ခေါ်ချင်တာပေါ့။ စော်ဘွားကြီးဆီကနေ အမိန့်ရခဲ့တယ်။ အရံမိသားစုရဲ့ ကလေးနဲ့ ပင်မမိသားစုရဲ့ မျိုးဆက်ကို ခွဲမှ ဖြစ်မှာလေ.... "

" ငါသိပါတယ်... အရံမိသားစုဟာ ပင်မမိသားစုကို အလုပ်ကျွေးပြုရတယ်။ ဒါပေမယ့် သွေးနှောခွင့်မရှိတာကို.... ဟိုအဖွားကြီးက အမြန်စီစဉ်လိုက်တာမို့ ငါတို့မတားလိုက်နိုင်ဘူး။ ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုတော့ ပြန်မဖျက်ဆီးသင့်ဘူး ထင်တယ် "

" မဟုတ်ဘူး။ အခုအချိန်ဟာ... ကလေးတွေကို ခွဲဖို့နဲ့ နန်းအလိမ္မာခင်ကို ငါတို့မိသားစုဆီ ပြန်ခေါ်ဖို့ အကောင်းဆုံးအချိန်ပဲ... "

ပြောရင်းနဲ့ နန်းဆိုသည့် အမျိုးသမီးသည် သက်ပြင်းရှည်ကြီး ချသည်။

" ​ဟို သစ္စာဖောက်ကောင်သာ မပုန်ကန်ခဲ့ရင် အခုလို ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး "

" စောလုံလား.... သူက အရှင်မ နန်းသက်နှင်းစံကို ချစ်မိပြီး ချစ်လူမိုက်ကြီးလုပ်ခဲ့တာလေ... "

" တိတ်စမ်း... ဘယ်လိုလူက ကိုယ်ချစ်တဲ့လူကို ပြန်သတ်လို့လဲ။ အဲ့ဒါ အချစ်မှ မဟုတ်တာ။ ပိုင်ဆိုင်ချင်တာ... အခု ငါတို့ပြန်လာတာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကိစ္စတွေကို အပြီးသတ်ဖို့ပဲ "

" သတင်းတွေအရတော့.... အရှင်မရဲ့ သားနှစ်ယောက်က အရှင်မလိုပဲ ခေါင်းမာကြတယ်တဲ့။ အငယ်က ပိုပြီး ဆိုးတယ်တဲ့ "

" မတတ်နိုင်ဘူးပေါ့.... ငါတို့က လုပ်သင့်တာ မှန်သမျှ အကုန်လုပ်ရမှာပဲ "

" စော်ဘွားကြီး အမျက်ပြေဖို့ပဲ မျှော်လင့်တယ်။ တကယ်ဆို နန်းအလိမ္မာခင်ကို ပြန်ခေါ်ဖို့ထက် အရှင်မရဲ့ ကလေးနှစ်ယောက်ကို အရေးတကြီး ပြန်ခေါ်သင့်တယ်။ အမွေဆက်ခံသူ အခုထိမရှိသေးဘူးမလား... "

Forever HomeWhere stories live. Discover now