_7_Run away.

1.6K 121 2
                                    


သူက အန္တရာယ်တွေထဲပဲ အမြဲတိုးဝင်တတ်တယ်။ စိုးရိမ်တတ်တဲ့ စိတ်ကို သူနားမလည်ဘူး။ စိတ်ပူကျန်ရစ်ခဲ့မယ့်လူတွေအကြောင်းကို သူပြန်မတွေးဘူး။ သူက... သူလုပ်ချင်ရာပဲ အမြဲတဇွတ်ထိုး လုပ်တတ်တယ်။

တားဆီးဖို့ ကြိုးစားခဲ့လည်း မရတာမို့...
ဒဏ်ရာတွေရခဲ့လည်း အိမ်ပြန်လာဖို့ကိုပဲ မျှော်လင့်နေရုံပဲ တတ်နိုင်တယ်။

ဘယ်တွေကိုပဲ သွားသွား...
အိမ်ပြန်လာမှ ဖြစ်မယ်နော်.... ပိုင်ပိုင်။

🏠🏠🏠

" သူတို့က Dragon Knights ဆို ငါတို့က Dragon Warriors ကွာ.... နဂါးသူရဲကောင်းကို ကာကွယ်စောင့်ရှောက်သူများအဖွဲ့ DW ပေါ့... မင်းသက်မှူးပိုင်ကို ငါကွယ်မယ့်အဖွဲ့... ဘယ်လိုလဲ။ နာမည်က မိုက်တယ်မလား.... ပါမယ်မလား.... ဝဏ္ဏထွန်း... "

အာပေါင်အာရင်း သန်သန်နဲ့ ဘုန်းပြည့်လျှံ ပြောနေသမျှကို ကျန်တဲ့လူတွေက နှာခေါင်းရှုံ့ကာ နားထောင်နေကြသည်။

" နာမည်ကလည်း ပိန်းလိုက်တာကွာ... နောက်ပြီး မင်းသက်မှူးကို ငါတို့က ဘာလို့ ကာကွယ်ရမှာလဲ.... ဟိုကောင်က ငါတို့အကာကွယ်ကို လိုမှာတဲ့လား.... "

ဝဏ္ဏထွန်း ပြောတော့ သိင်္ဂီနဲ့ မေဇွန်က ခေါင်းတဆတ်ဆတ် ညိတ်ပြကာ ထောက်ခံသည်။

" ငါပါမယ်.... ပိုင်ပိုင့်ကို ကာကွယ်မယ့် အဖွဲ့ထဲ ငါဝင်မယ် "

ပေါတောတောနဲ့ ဘုန်းပြည့်လျှံ ပြောတာကို အလိမ္မာဝင်ထောက်ခံလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါ။ ဘုန်းပြည့်လျှံကတော့ အလိမ္မာ့ကိုယ်လေးကို ဆွဲကိုင်လှုပ်လျက် ရယ်မောကာ...

" ငါသိတယ်... နင်ပါမယ်ဆိုတာကို.... ငါတို့က မင်းသက်မှူးရဲ့ သူငယ်ချင်းမို့.... သူ့ကို ကာကွယ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်။ ဟုတ်တယ်မလား... "

" ဒီကောင့်ကို ငါ့အမွှာလို့ ပြောရမှာ ရှုက်လိုက်တာ "

သိင်္ဂီ့စကားကြားတော့ ဘုန်းပြည့်လျှံက မျက်မှန်ပင့်တင်ကာ...

" ငါလည်း နင့်ကို ငါ့အမလို့ ပြောရမှာ ကြောက်လွန်းလို့.... ရောက်လေရာ ပြသနာ ပတ်ရှာနေတာ "

Forever HomeWhere stories live. Discover now