_3_Thread.

2K 146 5
                                    

သူမကို စတွေ့တုန်းကာစအချိန်တွေကို ပြန်စဥ်းစားရရင် ထူးဆန်းအေးစက်တဲ့ မျက်လုံးတွေကလွဲပြီး ကျန်တာ ဘာမှ မမှတ်မိခဲ့ဘူး။ အခုချိန်ထိလည်း အလိမ္မာဟာ အမေကြီး သူငယ်ချင်းရဲ့ မြေးကလေးဆိုတာရယ်.... စောင့်ရှောက်မယ့်သူမရှိလို့ ခေါ်မွေးစားခဲ့တယ်ဆိုတာရယ်ပဲ သိခဲ့ရတယ်။ ဒီအိမ်ကြီးဆီကို ကျနော်တို့ထက် ၂ နှစ်လောက် စောရောက်နေနှင့်ခဲ့တဲ့သူပေါ့။ ကျနော်တို့ ရောက်လာပြီးတဲ့နောက်မှ အလိမ္မာပြုံးတာကို မြင်ဖူးတာလို့ အမေကြီးရဲ့မောင် ဘလေးက ပြောပြတော့ သူတို့ ညီကိုနှစ်ယောက် အံ့ဩရသေးတယ်။ အဲ့ဒီလိုမျိုးပေါ့.... အလိမ္မာက ကျနော်တို့ဆီရောက်လာခဲ့တာမဟုတ်ပဲ.... ကျနော်တို့က အလိမ္မာ့ဆီကို ရောက်လာခဲ့ကြတာ။ နောက်ပြီးတော့ ဘာမှမတော်စပ်ကြပဲ မိသားစုတွေဖြစ်လာခဲ့ကြပြီး ဒီအိမ်ကြီးမှာ နေပူမိုးရွာ အတူရှိလာခဲ့ကြတာ။ ရှေ့ဆက်ပြီးတော့လည်း အလိမ္မာက သူတို့ညီမအဖြစ် ဆက်ရှိနေအုံးမှာလို့ တစ်ချိန်လုံး ထင်နေခဲ့တာပါ။
.
.
" အလိမ္မာက နင်တို့နဲ့ ဘာမှမတော်ဘူး.... "

" မဟုတ်ဘူး.... ငါတို့က မောင်နှမပါဆို.... "

" မဟုတ်ဘူး.... မဟုတ်ဘူး.... အလိမ္မာက နင်တို့ညီမမဟုတ်ဘူး။ အလိမ္မာမှာ အမျိုးတွေရှိတယ်.... နောက်ကျရင် သူ့ကို လာခေါ်သွားမှာ.... နင်ကို ထားရစ်ခဲ့မှာ.... အဲ့ဒီကျ နင့်ကို အလုပ်တွေကူလုပ်ပေးမယ့်သူလည်း ရှိမှာမဟုတ်ဘူး။ နင့်အိမ်စာတွေလည်း သူကူလုပ်ပေးမှာ မဟုတ်ဘူး.... "

" မဟုတ်ပါဘူးဆို..... အလိမ္မာက ငါတို့ကို ထားမသွားဘူးလို့.... "

ပျော့တိပျော့ဖတ်နဲ့ ကောင်လေးက ရှေ့က ကောင်လေးကို သဲတွေနဲ့ကောက်ပက်တော့ ဟိုကောင်လေးက မင်းသက်မှူးကို တွန်းချသည်။ ဘေးက ကလေးတွေကလည်း လဲကျနေတဲ့ကောင်လေးကို သဲများနှင့်ပက်ကြသည်။

" မင်းလို အငိုသန်တဲ့ကောင်ကို အလိမ္မာက ထားသွားမှာ.... မင်းတို့က မောင်နှမ မှမဟုတ်တာ.... "

ညစ်ကျယ်ကျယ်ပြုံးလျက် ပြောနေတဲ့ကောင်လေးကို မင်းသက်မှူး ဒေါသထွက်ကာ ပြန်ကြည့်မိပေမယ့် သူကိုယ်တိုင်က လဲနေတာမို့ ဘာမှလည်း ပြန်မလုပ်နိုင်ပါ။

Forever HomeWhere stories live. Discover now