_11_Nice to meet you again.

1.4K 114 5
                                    


" Dragon Knights က ပြန်လည်နိုးထလာခဲ့ပြီလို့ ကျနော်တို့သတင်းတွေရထားပါတယ် ဆရာ... "

" တက္ကသိုလ်ကျောင်းသားတွေ အရူးထပြီးလျောက်ဖွဲ့တဲ့ ဂိုဏ်းမဟုတ်ဘူးလား.... "

" ဒါပေမယ့်.... ဆရာ သိထားသင့်တယ်ထင်လို့ပါ။ သူတို့ရည်ရွယ်ချက်က ကျနော်တို့ Black Angel ကို လက်စားချေဖို့တဲ့.... "

ဟား...ဟား...

လှောင်ရယ်သံသည် ဩဇာပါဝါအလွန်ကောင်းပြီး ကျယ်လောင်စွာ အခန်းထဲမှာ ထွက်ပေါ်နေသည်။

" ကလေးကလားတွေကွာ.... ဒါကို ငါက အရေးကြီးသတင်းလို့ သတ်မှတ်လိုက်ရမှာလား..."

" သူတို့အဖွဲ့ခေါင်းဆောင်က အရင် Dragon Knights ခေါင်းဆောင်ရဲ့.... သားတစ်ယောက်ပါ.... အဲ့ဒီကလေးလုပ်နိုင်တာက... ကျောင်းသားတစ်ယောက်ထက်ပိုတယ်ဆိုတာတော့ သေချာပါတယ်။ သူ့နောက်မှာ.... ကျောထောက်နောက်ခံအင်အားက ခိုင်မာပါတယ်။ သတိဆိုတာ ပိုတယ်မရှိပါဘူး.... ပြသနာကို ဒီ့ထက်ကြီးထွားမလာခင် မြန်မြန် လက်စဖျောက်တာ ပိုသင့်တော်ပါတယ်... "

သူတို့ရဲ့ခေါင်းဆောင်ဖြစ်မည့်လူက လက်ထောင်ပြကာ စကားပြောတာကို ရပ်စေလိုက်သည်။

" မင်းတို့က ကလေးကလားဂိုဏ်းလေးအတွက်နဲ့... ကြောက်ရွံ့နေကြပါလား... Black Angel သိက္ခာကျတယ်ကွ.... သူတို့ရည်ရွာ်ချက်က ဘာပဲဖြစ်နေပါစေ.... ဂရုစိုက်စရာကိုမလိုတာ... သူတို့ ကြိုးစားလည်း ငါတို့ဆီကို ရောက်မလာနိုင်ဘူးဆိုတာ... မင်းတို့ မယုံကြည်ဘူးလား... "

သူတို့က ဘယ်သူတွေမို့လဲ။
ဒီနယ်စပ်မြို့တွေရဲ့ တရားမဝင်ဈေးကွက်တွေကို နောက်ကွယ်ကနေ အုပ်စိုးကြိုးကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုလေ။ နိုင်ငံတကာ တရားမဝင်ကုန်သွယ်မှုတွေရဲ့... မရှိမဖြစ်အဖွဲ့အစည်း... ဒီနိုင်ငံရဲ့ အမှောင်ထဲက မူးယစ်ရာဇာ...

ဒါကို.... ကလေးတစ်ယောက်ပြန်ဖွဲ့ထားတဲ့ ဂိုဏ်းလေးကို ကြောက်ဒူးတုန်ပြီး ကြိုဖိနှိပ်ထားရမယ်တဲ့လား။ ရာဇဝင်ရိုင်းလိုက်လေ...

" ရာဇသံပေးလိုက်စမ်းပါကွာ.... အဲ့ဒီကလေးကို.... မင်းငါ့ဆီရောက်အောင် လာနိုင်ရင် လာခဲ့စမ်းပါလို့... "

Forever HomeWhere stories live. Discover now