_18_We're no more kid. But it's ok to be unmatured.

1.7K 107 10
                                    


" ရပါတယ်ဆို.... ရေနွေးအိတ်ကပ်လိုက်ရင် အဆင်ပြေသွားမှာ.... "

မင်းသက်မှူး သူမစကားကို ဂရုမစိုက်ပဲ ဖုန်းထဲမှာ ကိုကောင်းနံပါတ်ကို ရှာနေသည်။

" ငါ အဆင်ပြေပါတယ်ဆို.... "

" ရောဂါကို မွေးတာ မကောင်းဘူး.... ကိုကောင်းက တစ်ခြားသူစိမ်းလည်း မဟုတ်ဘူး။ တော်ကြာ အူအတက်ပေါက်တာတို့ အစာအိမ်တို့ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... လျှာမရှည်နဲ့ "

သူ့အသံမှာ ချိုသာမှုမရှိ။ အမိန့်ဆန်သည်။ ဂျစ်ကန်ကန် လေသံပေါက်နေသေးသည်။

" အလိမ္မာ ဗိုက်အောင့်တာက.... အဲ့ဒါတွေကြောင့်မှ မဟုတ်တာ။ တစ်ခြားကိစ္စကြောင့်.... "

" အဲ့ဒါကြောင့် ဆရာဝန်နဲ့ ပြဖို့ လိုအပ်တာပေါ့... ဟယ်လို.... ကိုကောင်း။ ကျနော် ပိုင်ပိုင်.... "

"........."

" ကျနော်မဟုတ်ဘူး.... အလိမ္မာနေမကောင်းလို့။ အိမ်လာခဲ့ပါဦးလို့...."

" ........"

" လာပင့်ရဦးမလား.... ကိုယ်တိုင်ကြွချီတော်မူလာမှာလား.... "

".......... "

" okok.... မြန်မြန်လာခဲ့ဦး"

အလိမ္မာ့မှာ သူဖုန်းပြောနေတာကို ဝင်လဲမတားရဲ။ ကြားကနေ ဖြတ်လည်းမပြောရဲနဲ့ ဖုန်းချပြီးသွားတဲ့ထိ သူ့ကိုပဲ စိုက်ကြည့်နေမိသည်။

" သွား.... နေမကောင်းတာကို ပြန်အိပ်နေ။ ထမင်းအိုးငါတည်လိုက်မယ်.... "

" ရပါတယ်... ငါလုပ်နိုင်ပါတယ် "

အလိမ္မာ သူ့ရှေ့ကနေ ထွက်သွားဖို့ လုပ်တော့ လှမ်းဆွဲကာ တားသည်။

" ငါ ပြောစကား နားထောင် အလိမ္မာ.... "

" ပိုင်ပိုင် ထမင်းချက်ရင် ရေကျန်ပြီး ပျော့ပျော့သွားတာ... ထမင်းတော့ ငါ့ဘာသာချက်နိုင်ပါတယ် "

ဂျစ်ကန်ကန် မျက်နှာကလေးက ပိုလို ဆူပုတ်လာသည်။

" ရေမကိုင်နဲ့.... နင်ဘေးကနေ ပြောပေး။ ရေဘယ်လောက်ထည့်ရမှာလဲဆိုတာ.... "

အလိမ္မာ့ရှေ့ကနေ အရင်ထွက်သွားပြီး မီးဖိုချောင်ဆီသွားနေသည်။ သူ... အခုတလော တကယ် ထူးဆန်းနေတာပါ။

Forever HomeWhere stories live. Discover now