Extra_Love is to live.

3.2K 145 17
                                    

Forever land သည် ‌ပွဲတော်တစ်မျှ စည်ကားနေသည်။ ပွဲတော်လို့ပဲ ပြောရမည်ထင်ပါသည်။

အလိမ္မာရဲ့စိတ်ကူး ဈေးရောင်းပွဲတော်ကို ပိုင်ပိုင်က ဖြစ်အောင် စီစဉ်ပေးထားခြင်းဖြစ်သည်။ အလိမ္မာက ဒီခြံနဲ့ပတ်သတ်လို့ကတော့ အမြဲ သစ်လွင်သော ထူးဆန်းသော idea လေးတွေ အမြဲတွေးတော နေတတ်ခဲ့သူဖြစ်သည်။ ခြံထဲမှာ အပင်တွေစိုက်လိုက်... ခြံထွက်အသီးနှံတွေနဲ့ စားစရာအသစ်အဆန်းတွေလုပ်နေလိုက်နဲ့ ဒီခြံထဲမှာ ပျော်မွေ့တတ်ခဲ့တဲ့ ကောင်မလေးက ထိုအတွေ့အကြုံမျိုးကို လူတိုင်းကို ရစေချင်ခဲ့သည်။

Organic ခြံထွက်အသီးအနှံတွေ နို့ထွက်ပစ္စည်းတွေနဲ့ ပန်းမန်တွေ ကော်ဖီတွေ အစုံအလင်ကို ခြံထဲမှာ တစ်စုတစ်စည်းထဲ ဝယ်ခွင့် ကြည့်ရှုလည်ပတ်ခွင့် ရစေမည့် ဈေးရောင်းပွဲတော်။ ကိုယ်တိုင် အသီးနှံတွေ ခူးဆွတ်ခွင့်... နွားနို့ညှစ်တဲ့နေရာတွေမှာ လေ့လာ လည်ပတ်ခွင့် စသည့် farming experience ရချင်သူတွေအတွက် Forever Land ရဲ့ ဈေးရောင်းပွဲတော်က လက်လွှတ်မခံသင့်သည့် အခွင့်ရေးတစ်ခု ဖြစ်သည်။ ကော်ဖီကိုယ်တိုင်ကြိတ်နည်း ဖျော်စပ်နည်း သင်ပေးတဲ့ အစီစဉ်လည်းရှိသည်။ အလိမ္မာရဲ့ အသီးနှံတွေနဲ့ ရေခဲမုန့်ကိုယ်တိုင်လုပ်သည့် အစီစဉ်လည်း ရှိသည်။ မရည်မွန်ကလည်း ကိတ်မုန့်ဖုတ်နည်း အလှဆင်နည်း သင်ပေးသည့် အစီစဉ်မှာ လာရောက် ကူညီပေးသည်။ နေရာတိုင်း ကြိတ်ကြိတ်တိုးနေသလို ကိုယ်တိုင် ကိတ်မုန့် ဖုတ်၍ အလှဆင်သည့် နေရာမှာ လူပိုစည်နေသည်။ ကိုယ်လုပ်သည့် မုန့် ကိုယ်ပြန်ယူသွားလို့ ရတာမို့ မိန်းကလေး အများစု စိတ်ဝင်စားကြလေသည်။

" ဒီနေ့ Cake Shop မှာ အရမ်းလူကျလို့ အလိမ္မာ အဆင်ပြေရင် မရည်မွန်ဆီ လာကူပါလား..." လို့ မရည်မွန်က အကူညီလှမ်းတောင်းတာမို့ သူမနှင့် သက်ဆိုင်သည့် Ice cream shopကို မေဇွန်နဲ့ လက်လွှဲခဲ့လိုက်သည်။

" မေဇွန်... အလိမ္မာ မရည်မွန်ဆီသွားလို့ ရတယ်မလား..."

" အင်း... သွားလေ... ဒီမှာ အဲ့လောက်မှ အလုပ်မရှုပ်ပဲ။ ကိတ်လုပ်တာက ပိုပြီး အချိန်ပေးရတယ်။ လူလည်းများတယ် မရည်မွန်တစ်ယာက်ထဲ မနိုင်ဘူးနေမှာ "

Forever HomeWhere stories live. Discover now