_15_Love and war.

1.7K 114 14
                                    


" နင်ဝင်မပါနဲ့.... အလိမ္မာ.... "

လူတွေများစွာကြားမှာ အော်ခံလိုက်ရလည်း အလိမ္မာက ဂရုစိုက်မည်မဟုတ်ပါ။ အန္တရာယ်တောထဲ သူ့ကိုတိုးမဝင်ချေင်ဘူးဆိုပေမယ့် သူမကတော့ သူ့ကိုကာကွယ်မယ်ဆိုပြီး ဇွတ်တရွတ် သူ့ရှေ့က ရပ်နေမှာ ​သေချာသည်။ အလိမ္မာက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လောက်အောင် သန်မာတယ်ဆိုပေမယ့်လည်း မင်းသက်မှူး သူမကို ပွဲမထုတ်ချင်ပါ။ ကာရံမသင့်ရင် ထိခိုက်ဒဏ်ရာလည်း ရချင်ရသွားနိုင်တာပဲ။ စီစဉ်ထားသလိုတွေ မဖြစ်လာတဲ့အခါ... ရဲတွေ ဥပဒေရေးရာတွေနဲ့တောင် ပတ်သတ်လာနိုင်သည်။ အလိမ္မာ့ကို ဒီပြသနာတွေကနေ ဝေးဝေးပဲ နေစေချင်သည်။

" ပိုင်ပိုင်က ငါမပါပဲ ဘယ်လိုလုပ်ချင်လို့လဲ.... ပိုင်ပိုင်တို့ချည်းပဲ အဆင်မပြေဘူးလေ.... သူတို့ လုံခြုံရေးအကာကွယ်ထဲ ဝင်ဖို့ဆို နင်... ငါ့ကို လိုမှာ.... သူတို့ အရောင်းဝယ်လုပ်မယ့်နေရာကို ဝင်နိုင်မယ့်သူက ငါတစ်ယာက်ပဲ ဖြစ်လိမ့်မယ် "

" မရဘူး အလိမ္မာ။ နင်ဘယ်လောက်အသုံးဝင်ဝင် ငါနင့်ကို မလိုဘူး ပြောထားတယ်မလား.... "

မြေအောက်ခန်းမှာ သူတို့အငြင်းပွားနေကြသည်။ မနက်ဖြန် ၁၁ရက်နေ့အတွက် Black Angel ကိုတိုက်ခိုက်မည်ဆိုသော အစီစဉ်က အခုထိ ပြီးပြည့်စုံမနေပဲ စိတ်တိုင်းမကျ ဖြစ်နေကြသေးသည်။ အလိမ္မာ ကူညီမယ်ဆို အစီစဉ်က ပိုပြီး လွယ်ကူသွားမှာ ဆိုပေမယ့် မင်းသက်မှူး သူမကို နည်းနည်းလေးမှ ဝင်အပါမခံပဲ ဖြစ်နေသည်။

" ငါ့ကို ဖုန်းပြန်ပေးနိုင်မလား။ နောက်ပြီး laptop တစ်လုံး ပေးသုံးပါလား.... "

အခန်းထောင့်မှာ ငြိမ်သက်စွာ ထိုင်နေသည့် ဝဏ္ဏထွန်းက ထပြောလိုက်တော့ အကုန်သူ့ဘက် လှည့်ကြည့်ကြသည်။

" ငါ့ကိုယုံပါ.... ငါ မင်းတို့ကို ကူညီဖို့ ကြိုးစားနေတာ "

ဝဏ္ဏထွန်း ဒီကို ရောက်လာတာ ၁ပတ်လောက် ကြာနေပြီ ဖြစ်ပြီး နေရောင်မမြင်ရတာလည်း ကြာနေပြီ။ မြေအောက်ခန်းထဲ အမြဲပိတ်ထားခံရတာမို့ သူ့အသားအရောင်က ဖြူဖျော့ အားနည်းနေသည်။ မျက်လုံးများကတော့ လေးနက်စွာဖြင့် မင်းသက်မှူးကို လှမ်းကြည့်နေသည်။

Forever HomeWhere stories live. Discover now