_8_All I did was only to project you.

1.5K 109 2
                                    


မျက်လုံးဖွင့်လိုက်သည့်အချိန်မှာ အခန်းထဲ နေရာင်ခြည်က တိုးဝင်နေသည်။ နေမြင့်နေပြီ...

သူအိပ်ယာက ထလိုက်တော့ ခေါင်းက မူးနောက်နေသေးသည်။ လူက အေးစက်နေသလိုမျိုး ခံစားနေရသည်။ အဖျားကျသွားပြီနေမှာ...

အခန်းအပြင်ထွက်လိုက်တော့ ဧည့်ခန်းထဲမှာ နောက်ကျောပေးထိုင်နေသော အကိုကို တွေ့လိုက်ရသည်။

" အကို... ရောက်နေတာလား... "

" အေး.... "

" ဘယ်အချိန်ကတည်းကလဲ.... "

" မနေ့ညကတည်းက.... အလိမ္မာဖုန်းဆက်တာ။ မင်းဖျားပြီး သောင်းကျန်းနေတယ်ဆိုပြီး... "

" ဪ.... "

မျက်နှာသစ်ဖို့ ထွက်သွားဖို့ကို မင်းထက်မြတ်ကသူ့ရှေ့လာပိတ်ရပ်ပြီး နဖူးကို စမ်းကြည့်သည်။

" အဖျားမရှိတော့ဘူး။ ဒါပေမယ့် ဆေးရုံတော့သွားလိုက်ဦး... ငါတော့လိုက်မပို့အားဘူး "

" အင်းပါ... "

မင်းထက်မြတ် မျက်နှာက ခါတိုင်းထက်ကို တည်နေသည်။

" စားပွဲပေါ်မှာ မနက်စာ ကြက်ဥဆင်းဒဝှစ်ရှိတယ်။ ကော်ဖီဖျော်ထားတာရောပဲ... အလိမ္မာလုပ်ပေးသွားတာ။ သူကတော့ သိင်္ဂီတို့လာခေါ်လို့ အပြင်လိုက်သွားတယ်.... "

မင်းသက်မှူး ခေါင်းညိတ်ပြလိုက်ပြီး အင်္ကျီဆွဲချွတ်ကာ ပခုံးပေါ်တင်လျက် ရေချိုးခန်းဘက်ကို လျောက်သွားသည်။

" ပိုင်ပိုင်.... မင်းဘာဖြစ်ချင်နေတာလဲ "

" ဘာလဲ.... "

" သန်မာအောင်ကြိုးစားမယ်ဆိုတဲ့လူက အလိမ္မာ့ကို အဝေးမောင်းထုတ်ပြီး ဝမ်းနည်းအောင်လုပ်တာပေါ့... အဲ့ဒီလိုနည်းနဲ့ မင်းပိုသန်မာလာမယ် ထင်နေတာလား... "

" ဘာတွေ ချွန်သွားတာလဲ.... အဲ့ကောင်မလေး... "

" ဘာမှကို ပြောမသွားတာ။ မပြောလည်း အသိသာကြီးပဲလေ.... မနေ့ကတည်းက မင်းအချိုးတွေ မဟုတ်သေးဘူး... "

မင်းသက်မှူး ပခုံးတွန့်ပြနေပုံက ရိုက်ပစ်ချင်စရာ ကောင်းနေတော့သည်။

Forever HomeWhere stories live. Discover now