_9_We can't understand everyone's pains.

1.4K 104 9
                                    

တစ်နေ့မှာ....

အလိမ္မာက ပိုင်ပိုင့်ကို ဆုံးရှုံးလိုက်ရမှာ။ မိန်းကလေးတစ်ယောက်ဆီကို အပိုင်ပေးလိုက်ရမှာ။ ဘာမှ မဆိုင်တဲ့ နေ့ဆိုတာ သေချာပေါက် ရှိလာမှာ။

အဲ့ဒီနေ့မတိုင်ခင်ထိပေါ့....
အလိမ္မာက သူ့ကို ဂရုစိုက်ပေးနိုင်သလောက် ဂရုစိုက်ပေးမယ်။ စောင့်ရှောက်ပေးခွင့်ရှိသလောက်ထိ စောင့်ရှောက်ပေးမယ်။

ဒီလိုနဲ့... တစ်နေ့မှာ... သူချစ်တဲ့သူလက်ထဲ... သူ့ကို အမြဲဂရုစိုက်ပေးမယ့်သူလက်ထဲကို အလိမ္မာ ထည့်ပေးလိုက်မယ်။

အဲ့ဒီနေ့မတိုင်ခင်ထိပဲ... အဲ့ဒီနေ့ မရောက်ခင်ထိလေးပါပဲ...

အလိမ္မာသူ့ကို လိုအပ်သမျှ ဖြည့်ဆည်းပေးမယ်။
.
.
.
" ဟဲ့ဟဲ့.... ၉တန်း A က မင်းသက်မှူးပိုင်တို့ မောင်နှမနှစ်ယောက်ကို သိတယ်မလာတယ်မလား... "

" အလိမ္မာခင်တို့လား.... "

" အေးလေ... "

" သူတို့က ဘာမှ မတော်ဘူးတဲ့ သိလား.... "

" ဟုတ်လား.... အရင်းမဟုတ်ဘူးလို့​တော့ သိပေမယ့် ဝမ်းကွဲလောက်ပဲ ထင်နေတာ "

" ဘာမှ မတော်ဘူးတဲ့.... ငါတို့ဘေးအိမ်က အန်တီကြီးက Forever Land ရဲ့ အလုပ်သမားလေ.... သူက ပြော​တာ "

" ဟုတ်လား.... "

မိန်းကလေး အိမ်သာခန်းတွေက ဘာလို့ အတင်းပြောစရာ နေရာ ဖြစ်နေတာလဲ။ စိတ်ပျက်စရာ။
နောက်ပြီး အလိမ္မာ ရောက်နေတဲ့ အချိန်မှာမှ... အလိမ္မာ့အကြောင်း အတင်းပြောနေတဲ့လူတွေနဲ့ ဆုံရတာ.... စိတ်ပျက်စရာကောင်းလွန်းတဲ့ တိုက်ဆိုင်မှုပေါ့.

" အဲ့ဒါကိုဟယ်... သူ့က မင်းသက်မှူးပိုင်ဘေးမှာဆို အပိုင်စီးထားတဲ့ ရုပ်နဲ့... အမြဲ အေးတိအေးစက်ကြီး... "

" တစ်နေ့ကျရင် သူက အပိုင်သိမ်းမှာ နေမှာပေါ့... ဟား... ဟား "

" မထင်နဲ့.... မင်းသက်မှူးပိုင်ကဖြင့် သူ့ကို ဟောက်လိုက်တာမှ လွန်ရောပဲ.... "

" ဟုတ်တယ်.... ဟုတ်တယ်.... မင်းသက်မှူးပိုင်က အလိမ္မာ့ဆို တအားနိုင်စားတာ... ငါမြင်ဖူးတယ် "

Forever HomeWhere stories live. Discover now