_24_Home again.

2.1K 107 10
                                    

" ဟိုကလေးမ.... "

သင်တန်းက အပြန်မှာ နောက်က အသံကြားတော့ သိင်္ဂီလှည့်ကြည့်လိုက်သည်။
၂၄နာရီ အမြဲအလုပ်ရှုပ်နေတဲ့... အဲ့ဒီလူကြီး...

သိင်္ဂီမမြင်ချင်ယောင်ဆောင် မကြားချင်ယောင်ဆောင်လိုက်ပြီး ပြန်လှည့်လိုက်သည်။ ဒီလမ်းကလေးက တိတ်ဆိတ်ပြီး လူရှင်းသည်။ လမ်းဘေးဝဲယာမှာ အဝါရောင်ပန်းတွေလည်း ပွင့်နေလိုက်သေးသည်။

" ကြားရဲ့သားနဲ့.... "

သူမ ပခုံးပေါ် သူလက်လာတင်မယ်လုပ်တော့ ဝေ့ဝိုက်ကာ ရှောင်တိမ်းလိုက်သည်။

" ဂီဂီ.... "

" ဘာလဲ.... "

စူပုတ်လျက် လှည့်ကြည့်တော့ ထိုလူကြီးက သူမကို ပြုံးကြည့်နေပါသည်။

" စိတ်ကောက်နေတာလား... "

" မဟုတ်ပါဘူး... "

" ဟုတ်လို့လား.... ရုပ်ကြီးက စိတ်ကောက်နေတဲ့ ရုပ်ကြီးပါ.... "

ဟွန့်ကနဲ့... မဲ့ရွဲ့ကာ သူ့ရှေ့က ထွက်လာခဲ့သည်။ ထိူလူကြီးဟာ သူမနောက်ကို လိုက်လာမှာ သေချာပါသည်။

" ကိုယ်တောင်းပန်တယ်.... ဒီရက်ပိုင်း ကလေးမကို ပစ်ထားသလို ဖြစ်သွားတယ် "

ခပ်လှမ်းလှမ်းကနေပဲ လိုက်လာပြီး သူကတောင်းပန်နေသည်။ ဒီနှစ်တွေမှာ ဒီလူကြီးဟာ... သူမဆီမှာ အဆိုးအကောင်းတွေကို သည်းခံကျန်ရစ်ပေးခဲ့သော သူဖြစ်ပါသည်။ သိင်္ဂီလှည့်ကြည့်လိုက်ပြီး သူနဲ့ခပ်လှမ်းလှမ်းမှာပဲ ရပ်နေသည်။

" ပစ်ထားသလို ဖြစ်သွားတာ မဟုတ်ဘူး.... ပစ်ထားတာ... "

" အင်း... အဲ့ဒါကြောင့် တောင်းပန်နေတာလေ... "

" တောင်းပန်ယုံနဲ့ အဂီက ကျေနပ်ပေးလိုက်ရမှာလား... "

" အင်း.... ဘာလို့ဆို ဂီဂီက လိမ္မာတယ်လေ။ နောက်ပြီး ကိုယ့်ကို စိတ်မညစ်စေချင်ဘူး မလား "

ဒီလူကြီးဟာ... လူလည်။

" အဂီက မလိမ္မာပါဘူးနော်.... နောက်ပြီး... ခင်ဗျားကို စိတ်ညစ်စေချင်တာနော်... သိလား သိလား။ အဂီ့ကိုကျ တစ်ပတ်လုံး ပစ်ထားပြီး စိတ်ညစ်အောင်လုပ်ထားပြီး... သူကျ အေးအေးဆေးဆေး နေနေရတယ်။ မကျေနပ်ဘူး သိလား "

Forever HomeWhere stories live. Discover now