_6_When it gets dark outside.

1.7K 130 3
                                    

When it gets dark outside, in you i cofide. You help me face my demons, I won't hide.

အပြင်မှာ မှောင်လာတဲ့အခါ ငါ မင်းဆီမှာပဲ စိတ်သက်သာရရခဲ့တယ်။ မင်းက ငါ့ရဲ့ မကောင်းဆိုးဝါးကို ကူညီရင်ဆိုင်ပေးခဲ့တယ်။ ငါ ဖုံးကွယ်ထားမှာမဟုတ်တော့ဘူး။

from the song_Hide by Juice Wrld, seezyn

🏠

" မေမေ့... ဖေဖေ့.... "

အလိမ္မာ ခြောက်ခြားစွာ အော်ဟစ်လျက် လန့်နိုးလာတော့ အခန်းကလေးသည် မှောင်မည်းနေသည်။ မိုးတွေရွာပြီး မီးပျက်နေသည်။

မလုပ်လိုက်ပါနဲ့...

အလိမ္မာစိတ်ထဲက ကြိတ်ပြီး ဆုတောင်းပေမယ့် မပြည့်ပါ။ လျှပ်စီးက ဝင်းကနဲ့ လက်သွားပြီး ခဏအကြာမှာ မိုးခြိမ်းသံက ကျယ်လောင်စွာ လိုက်လာတော့သည်။

" အမေကြီး.... ကြီးကြီး.... "

အလိမ္မာ နားကို ဖိပိတ်ကာ အော်နေမိသည်။ ဒါပေမယ့် ဒီအမှောင်ကြီးထဲ ဘယ်သူက ရောက်လာမှာလဲ။ အလိမ္မာ အိမ်မှာမှ မဟုတ်တာ။ အလိမ္မာ ကျောင်းမှာ ရောက်နေတာ။ နောက်ပြီး မင်းသက်မှူးရဲ့ မိဘတွေအိမ်မှာ...

ဂျိန်း...

နောက်ထပ် လျှပ်စီးဝင်းကနဲ့ လက်သွားပြီး မိုးခြိမ်းသံနှင့်အတူ အလိမ္မာ မိုးသည်းညတစ်ညကို ပြန်ရောက်သွားသည်။ အဲ့ဒီနေ့ညက အခုလိုပဲ မိုးတွေ သည်းသည်းမဲမဲ ရွာနေခဲ့ပြီး မှောင်မည်းနေခဲ့သည်။ အလိမ္မာက အခန်းမှောင်မှောင်လေးထဲကနေ မိဘတွေ သတ်ခံရတာကို မြင်ခဲ့ရပါသည်။ လျှပ်စီးတွေလက်နေချိန်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ လူကြီးတွေက သူမ မိဘတွေကို ဓားနဲ့ ထိုးသတ်ခဲ့ကြတာ.... ဝင်းကနဲ့ ဝင်းကနဲ့ လျှပ်စီးတွေလက်နေတဲ့ အချိန်ကြီးမှာလေ။

" အာ့.... အမေကြီး.... "

သူမ ခေါင်းကို ဖိနှိပ်လျက် စောင်ပုံထဲမှာ တုန်ရီပုန်းခိုနေမိသည်။ အဲ့ဒီနေ့က သူမ မိခင်က သူမကို ပြောခဲ့တဲ့ နောက်ဆုံးစကားကို မှတ်မိသေးသည်။

" ဒီအခန်းလေးထဲကနေ ဘာပဲဖြစ်ဖြစ်  ထွက်မလာခဲ့နဲ့နော် အလိမ္မာ " တဲ့။ အလိမ္မာ အဲ့ဒီညက သူမ မိခင်စကားကို နားထောင်ပြီး အသက်ရှင်ခဲ့တာပါ။

Forever HomeWhere stories live. Discover now