_5_I'm home.

1.9K 139 12
                                    

သူက သူမအပေါ်မှာ အမြဲအားကိုးခဲ့တာဆိုပေမယ့် အဲ့ဒီတုန်းကစပြီး ရပ်တန့်သွားတာ။
သူတို့ ၈တန်းနှစ်က ဖြစ်မယ်ထင်တယ်။ နိုင်နိုင်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်နေတဲ့အချိန်ပေါ့။

" အလိမ္မာသာမရှိရင် မင်းမျက်ခွက် ထိုးခံနေရတာ ကြာပေါ့... "

" ကောင်မလေးတစ်ယောက်ကို မှီခိုနေတာ မရှက်ဘူးလား... "

" အလိမ္မာက ကျောင်းလာရင် မင်းလွယ်အိတ်လည်း ကူသယ်ပေးရတယ်။ တစ်ညလုံးလည်း မင်းအိမ်စာတွေ ကူလုပ်ပေးရတယ်.... "

" မင်းကကျ သခင်လေးလိုလုပ်နေတယ်.... "

" နောက်ပြီးကျ ရန်ဖြစ်ရင် အလိမ္မာသာလာမကူရင် အမြဲတမ်း ရှုံးနေတာ.... "

" နင်တို့ တော်ကြတော့.... "

လဲကျနေတဲ့ သူ့ဘေးကနေ အလိမ္မာထကာ သူတို့ကို ပြောဆိုနေသော ကျောင်းသားတွေကို ပြေးထိုးဖို့ လုပ်နေတာကို မင်းသက်မှူးက ဆွဲချလိုက်ပြီး....

" ရပ်စမ်း အလိမ္မာ.... နင်မကူပဲ.... ငါအဲ့ဒီကောင်တွေကို နိုင်တဲ့အကြောင်း ပြောပြရမယ် "

အလိမ္မာကို သူဆွဲချလိုက်တာမို့ သူမက မြေကြီးပေါ် ပုံလဲကျသွားသည်။ မင်းသက်မှူးက ခါးထောက်လျက်ကြည့်နေသော ကျောင်းသားသုံးယောက်ကို ပြေးကန်လိုက်ပြီး လက်သီးနှင့် အဆက်မပြတ်ထိုးနေလိုက်သည်။ တစ်ခါမှ.... သူ ကိုယ်ထိလက်ရောက် ဒီလို မထိုးဖူးတာမို့ ကျန်တဲ့လူများက အံ့အားသင့်နေကြသည်။ ခါတိုင်းဆို မင်းသက်မှူး ရန်ဖြစ်ပြီလို့အသံကြားတာနဲ့ အလိမ္မာက ရောက်ရာအရပ်က အပြေးလာပြီး သူ့ကို ဆွဲထုတ်သွားတာမို့.... တစ်ခါမှ... သူ သူများတွေကို အနိုင်ရပြီး ရန်ပွဲက အဆုံးသတ်သွားခဲ့တယ်မရှိပါ။

ဒီတစ်ခါတော့....
ငါ့ကို အထင်သေးနေတဲ့ ဒီလူတွေကို အနိုင်ယူပြမှာမို့... နင် ဖယ်စမ်းပါ အလိမ္မာ။
.
.
အဲ့ဒီနောက်ပိုင်းကစပြီး မင်းသက်မှူးက အလိမ္မာ့ကို အိမ်စာတွေ ကူရေးမပေးခိုင်းတော့ဘူး။ သူ့ဘာသာလုပ်သလားဆိုတော့လည်း မလုပ်ပဲ ဆရာ အပြစ်ပေးသမျှပဲ ခံသည်။ ကျောင်းသွားရင် အလိမ္မာ့ကို မစောင့်တော့ပဲ တစ်ယောက်ထဲ သွားသည်။ ရန်ဖြစ်ရင် အလိမ္မာ့ကို ဝင်မပါဖို့ ပြောပြီး အလိမ္မာက သူ့ကို တားဖို့ ဆက်ကြိုးစားမိရင်တော့ သူမကို တွန်းချပြီး သူလုပ်ချင်ရာကို ဆက်လုပ်ခဲ့ပါသည်။

Forever HomeWhere stories live. Discover now