အခန်း (၁)

22.8K 1K 32
                                    

"ဟဲ့ နွား ဒီနွားကွာ ဖြောင့်ဖြောင့်သွားဟ"

လှည်းပေါ်ကနေ ကြိုးဆွဲကာ နွားလှည်းမောင်းနေသော အသားမဲမဲ ဦးလေးကြီးကိုကြည့်ကာ မချိပြုံးပြုံးမိသည်။
ဖုန်ထူထူလမ်းမဟာ မိုးရာသီရောက်တော့ ဗွက်ထပြီး နွားတွေဟာ လှည်းဆွဲဖို့အတွက် မနည်းရုန်းနေရရှာတယ်။

လှည်းနောက်မှီးမှာထိုင်ရင်း ဟန်နေတစ်ယောက်တော့ စိတ်ညစ်နေမိတယ်။

နေပူပူ ဖုန်ထူထူ အညာဒေသ။

ပထမဆုံးတာဝန်ကျသည့်နေရာက ဒီလိုနေရာတဲ့လား အတွေးထဲမှာတောင် ထည့်မမက်ဖူးသည့်နေရာကို ရောက်လာရတယ်။ ဘယ်သူ့ကိုအပြစ်တင်ရမလဲ။

ဒုန်း....

"အမေ့"

အတွေးတွေတောင်လွင့်စင်သွားရတယ်။

"လန့်သွားတာလား ဆရာမလေးရေ ဒီလိုပဲဗျို့ မိုးကရွာတော့ လမ်းကဗွက်ထပြီး ကျင်းတွေဖြစ်နေတော့ လှည်းဆောင့်တာ ကိုင်ထားဦးနော် ရှေ့မှာလည်း ချိုင့်တွေရှိသေးလို့"

လှည်းလက်ရန်းတန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့ လက်တွေပင်ဖြူလျော့လာသည်။ ညစ်ညူးနေသည့် စိတ်ဖြင့် မျက်ရည်ပင်ဝဲလာမိသည်။

စိတ်ထဲတွေးမိတာက ငါတော့မှားပြီထင်တယ်ဟု။

"ဆရာမလေးတော့ ကံကောင်းတာပဲ အရင်ရက်ကမိုးရွာထားတော့ ရာသီဥတုကသိပ်မပူဘူးလေ ကျုပ်တို့တောင်သူတွေလည်း အဆင်မပြေပါဘူးဗျာ မိုးကမမှန်တော့ သီးနှံကမထွက်"

"ဟုတ်ကဲ့"

နွားလှည်းမောင်းသူ အသားမဲမဲ ဦးလေးကြီး၏ စကားကိုကြားတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုတွေမမှန်တော့တာလို့ ရှင်းပြရင်ကောင်းမလားတွေးမိသေးသည်။

အမေက မှာလိုက်တယ်မလား စကားကိုရင်းရင်းနှီးနှီးပြောဖို့ အေးတိအေးစက်ကြီးမနေဖို့လေ။

သို့သော်လည်း စကားတွေက လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားတော့ အသာငြိမ်နေလိုက်ရသည်။

"ဟိုမှာ မြင်နေရတာတွေ့လား ဆရာမလေး အဲ့ဒါကျုပ်တို့ရွာလေ ဒီနယ်တစ်ဝိုက်မှာတော့ ကျုပ်တို့ရွာကအကြီးဆုံးဗျ"

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Where stories live. Discover now