အခန်း (၃)

8K 734 17
                                    

ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီး လာပြီ ညနေ နေရီ နေရီ ရေခပ်ချိန်လေး နီးလာပြီ🎶🎶

ပါးစပ်ကသီချင်းကို အာပြဲနေအောင်ဆိုကာ စက်ဘီးကိုစီးကယ်ရီယာအနောက်မှာ ဆီတွေထည့်သည့် ပုံးအဝါဘူးကြီးနှစ်ဗူးကို ဘယ်ညာချိတ်ပြီး နင်းနေသော ကောင်လေးကို အစ်မယဉ်နုက လှမ်းနှုတ်ဆက်လေသည်။

"ကောင်လေး ငထူး ဘယ်နှစ်ခေါက်ရပြီလဲဟေ့"

"တစ်ခေါက်ရှိသေးတာရယ်"

"ရေတွင်းကလူများလား ကောင်လေး"

"များတယ်ဗျို့ စောင့်နေတဲ့သူတွေမှ တန်းစီလို့"

ကုန်းတွင်းပိုင်းကျသည့်ရွာလေးက မြို့နယ်ခွဲရွာဖြစ်လို့ တိုးတက်သော်လည်း ညနေတိုင်းရေခပ်ဆင်းသည့်ဓလေ့လေးကတော့ရှိသေးသည်။ ရွာမှာ စက်ရေတွင်းတော်တော်များများရှိပေမဲ့ သောက်ရေအတွက်ကြတော့ စိမ့်တွင်းရေကိုသာအသုံးပြုကြသည်။

ဒီဒေသ၏စက်ရေတွင်းတွေဟာ ထုံးဓာတ်များတာကြောင့် ရေ၏အရသာဟာပေါ့သည်။ သောက်ရေအတွက် အသုံးပြု၍အဆင်ပြေသော်လည်း စိမ့်တွင်းရေလောက်တော့ မကောင်းပေ အရသာလည်းမရှိသလို အမောလည်းမပြေဟု အဖြေကိုရသည်။

ဟန်နေကိုယ်တိုင်တောင်မှ စစချင်းရေသောက်တော့ တစ်မျိုးဖြစ်သွားသေးသည်မဟုတ်ပါလား။ ရုံးကသောက်ရေအိုးတွေကို ရေလာဖြည့်ပေးတာက အစ်မယဉ်နု။ ညနေတိုင်းရေခပ်ကာ ဟန်နေဆီကိုလာဖြည့်ပေးနေကြ။

အခုကလည်းတစ်ယောက်ထဲပျင်းနေတာကြောင့် ရေခပ်တာလိုက်ချင်သည်ဟု ပူဆာကာ လိုက်လာခဲ့ခြင်းဖြစ်သည်။

ရေတွင်းဟာ အခုလိုနွေရာသီဆိုလျှင် ရေခပ်သူပေါသည့်အပြင် ရေခမ်းတတ်တာမို့အချိန်အကြာကြီးစောင့်ရသည်။ မိုးတွင်းဆိုရင်တော့ ရေငင်စရာပင်မလိုအောင် အဝထိရေတွင်းကပြည့်တတ်သည့်ဟုဆိုသည်။

"မိုးဦးကျစဆိုတော့ ရေကမရသေးဘူးလေ မိုးကလည်းကောင်းမဲ့ပုံမပေါ်ပါဘူး ဆရာမလေးရယ် သီးနှံတွေလဲ မရဘူး မနှစ်ကလဲအဲ့လိုပဲ"

ရွာအပြင်ထွက်သည်နှင့် တစ်မျှော်တစ်ခေါ်မြင်မဆုံးအောင်ဖြစ်နေသည့်လယ်ကွင်းတွေ ထန်းပင်တွေနှင့် တခြားအပင်တွေအများကြီးပင်။ လယ်ကန်သင်းရိုးတိုင်းမှာ ထန်းပင်တွေကိုစိုက်ထားကြပြီး ကန်သင်ရိုးတစ်လျှောက်လမ်းလျှောက်တိုင်းအရိပ်ရနေသလိုပင်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Where stories live. Discover now