အခန်း (၇)

7K 679 8
                                    

မန်ကျည်းပင်အောက်က ဝါးပလပ်ကုလားထိုင်လေးမှာ ထိုင်ရင်း ဖုန်းသုံးနေရတာအရသာပင်။ မန်ကျည်းပင်ဘေးက ကွတ်ပျစ်မှာ အစ်မနေရီသုတ်ပေးထားသော လက်ဖက်သုတ်လေးစားကာ ရေနွေးကြမ်းလေးနှင့်တကယ်ကို ဇိမ်ကျနေသည်။

အစ်မနေရီကတော့ ဟန်နေအနားက ကွတ်ပျစ်ပေါ်မှာ လျှော်တောင်းရက်နေသည်။

"အစ်မ အဲ့ဟာတွေကဘာလုပ်ဖို့လဲဟင်"

"အသီးအနှံတွေထည့်ဖို့လေ ငယ်လေးရဲ့ ရွာမှာထန်းပင်တွေလည်းပေါတော့ ကိုယ့်ဘာသာလျှော်ချပြီး တောင်းရက်တာတွေရှိတယ် ဒါမှမဟုတ်လည်း လျှော်ကို သူများကိုပေးပြီး တောင်းနဲ့လဲတာ ပိုက်ဆံနဲ့လည်းရောင်းကြတယ်"

"အော်"

"သီးနှံပေါ်ချိန်ဆို တောင်းတွေကလိုတယ် ငယ်လေးရဲ့ လောက်တောင်မလောက်ဘူး စပါးသိမ်းချိန် ပဲသိမ်းချိန်ဆို ကျီထဲထည့်ဖို့တောင်းတွေသုံးရတာ ကျီပြည့်သွားရင်လည်း တောင်းနဲ့ပဲထားရတာလေ ရွာမှာဆို နွားစာထည့်ရင်လည်း တောင်းနဲ့ပဲထည့်ကြတာဆိုတော့ သူများရောင်းတာထက် ကိုယ့်တိုင်ပဲသုံးကြတာလေ"

"အစ်မကြတော့ရော ဘယ်ကရတာလဲ ဝယ်တာလား"

"အစ်မလယ်ကလေ အစ်မလယ်နားမှာ ထန်းပင်တွေရှိတာကို လယ်ကသီးစားချထားပေမဲ့ ထန်းပင်တွေကြတော့ သူတို့ကိုမပေးဘူးလေ ထန်းလက်ခုတ်ပြီးယူတာ ပြီးရင် လျှော်ချပြီး တောင်းရက်တာပေါ့ ပိုနေရင်တော့လဲ လာဝယ်တဲ့သူတွေရှိတယ်လေ အဲ့ကြတော့လည်းရောင်းတာပေါ့"

ဟုတ်ပါသည် နေရီတို့ရွာမှာဆိုရင် ထန်းပင်တွေပေါသလို
လယ်ခင်းယာခင်းတွေ အစပ်မှာလည်းထန်းပင်တွေဟာ အခင်း၏စည်းလိုဖြစ်နေတော့ နေရာတိုင်းပေါများသည်။ လယ်ယာနားလို့ ထန်းလက်တွေခုတ်ပြီးချိန်ဆိုရင် တစ်ရွာလုံးနီးပါးဟာ ကောင်းမွန်သည့် ထန်းလက်တွေကို လျှော်ချကြသည်။

တစ်ချို့ကလည်းကိုယ်တိုင်တောင်းရက်ကာရောင်းသလို တစ်ချို့ကြတော့လည်း ရက်လုပ်ပြီးပိုနေတာတွေကိုရောင်းကြသည်။ တောင်းတစ်တောင်းဆိုလျှင် ၁၆၀၀ ၂၀၀၀ နီးပါးရှိသည်။ လယ်ယာနားချိန်အပိုဝင်ငွေလေးရကြသလို ကိုယ်တိုင်လုပ်တော့ ပိုက်ဆံလည်းအပိုမကုန်တော့ပေ။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Où les histoires vivent. Découvrez maintenant